Healthy Life Ad
Q & A

အဝလွန်တာက မြန်မာနိုင်ငံမှာ ကျန်းမာရေးပြဿနာတစ်ရပ်လို့ ဆိုနိုင်သလား

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. အဝလွန်တာက မြန်မာနိုင်ငံမှာ အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုလို့ ဆိုနိုင်ပါသလား ဆရာ။
TT(FB)

A. ဝတဲ့သူနဲ့ ပိန်တဲ့သူတွေကို နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ ဝတဲ့သူတွေက ရောဂါဖြစ်နှုန်း ပိုများတာကို တွေ့ရပါတယ်။ ဝရင် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဒူးနာတာ၊ လေဖြတ်တာ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စသဖြင့် တစ်ကိုယ်လုံးမှာ ရောဂါဝေဒနာတွေ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ဝနေတဲ့သူတွေဟာ လက်ရှိကိုယ်အလေးချိန်ရဲ့ သုံးရာခိုင်နှုန်းကို လျှော့ချနိုင်ရင်တောင် နှလုံးရောဂါ၊ ဒူးနာတာ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတာတွေရဲ့ ဖြစ်နိုင်ခြေက သိသိသာသာ လျော့ကျသွားတတ်ပါတယ်။ အဝလွန်တာ အဖြစ်များရတဲ့ အဓိကအကြောင်းရင်းကတော့ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အချက်အလက်ကြောင့်ပါ။ ပတ်ဝန်းကျင်ဆိုတဲ့နေရာမှာ ဘဝနေထိုင်စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် ဖြစ်တာများပါတယ်။ အဆီအအိမ့်များတဲ့ အစာ၊ အချိုများတဲ့ အစာတွေကို များများစားတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာတွေကြောင့် ဝလာတာများပါတယ်။

Most Popular

Healthy Life Ad
To Top