Healthy Life Ad
Q & A

နားအူခြင်း(Ringing in the Ears)

ဒေါက်တာတင့်ဆွေ

ဆရာရှင့် နားထဲမှာ Air-corn စက်လည်သံ၊ ပုရစ်အော်သံလို မည်နေပါသည်။ အကျယ်ကြီး မဟုတ်ပါ။ ဘေးမှအသံများရှိပါက မသိသာပါ။ တိတ်ဆိတ်နေလျှင် တိုးတိုးလေးကြားနေရပါသည်။ ခေါင်းမမူးပါ။ ခေါင်းမကိုက်ပါ။ မျက်နှာနည်းနည်းတင်းပါသည်။ ဇက်ကျီးပေါင်းရှိပါသည်။ ၂ ပါတ်ခန့်ရှိပါပြီ။ ရိုးရိုးဆရာဝန်ကတော့ အားနည်းခြင်းကြောင့်ဟု ပြောပါသည်။ ဆရာရဲ့ Opinion ကို လေးစားစွာ တောင်းခံအပ်ပါသည်။

လူအတော်များများ ဖြစ်ဖူးတယ်။ နားထဲမှာ ဆူနေတဲ့အသံက အမျိုးမျိုးဖြစ်နိုင်တယ်။ roaring ဟစ်အော်သံ၊ ့ hissing ဆွဲငင်သံ၊ buzzing တဝီဝီသံ၊ tinkling သတ္တုခေါက်သံ။ တခါဖြစ်ရင် မိနစ်နည်းနည်းကြာမယ်။ တော်တော်နဲ့ မပျောက်နိုင်တာကိုမှသာ Tinnitus (တင်းနစ်တပ်စ်)လို့ခေါ်တယ်။ ဘေးမှာ အသံဖြစ်စရာအကြောင်းမရှိဘဲ ကိုယ့်မှာသာ ကြားနေရမယ်။ သူများတွေကတော့ မကြားဘူး။ နှလုံးခုန်သံနဲ့ လိုက်ကြားရနိုင်တယ်။ အသက်ရှူတာနဲ့လဲ ချက်ညီနိုင်တယ်။ အသက်ရလာရင် ပိုဖြစ်မယ်။ အသက် ၄၀ ကျော်တွေနဲ့ ယောကျာ်းတွေမှာ ပိုဖြစ်တယ်။

အမျိုးအစား (၂) မျိုးရှိတယ်။

၁။ Pulsatile tinnitus (ပါစတိုင်းလ်) ဆိုတာက နှလုံးခုန်သလိုနေတယ်။ နားရဲ့အနီးအနားက ကြွက်သားလေးတွေ လှုပ်ရှားလို့ ဖြစ်တာများတယ်။ ဒါမှမဟုတ် မျက်နှာနဲ့ လည်ပင်းမှာ သွေးလျှောက်ရာကနေ ဖြစ်မယ်။ သွေးခုန်တာမျိုး၊ ကြွက်သားညှစ်နေတာမျိုး သတိထားမိလိမ့်မယ်။

၂။ Nonpulsatile tinnitus တခြားအမျိုးအစားကတော့ နားအကြားနဲ့ဆိုင်တဲ့ အာရုံကြောကြောင့် ဖြစ်ရတယ်။ နားတဖက်ဖြစ်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ်မှာ ကြားရတယ်။ ခေါင်းထဲကနေ လာတယ်လို့ ထင်နေမယ်။

အများဆုံးဖြစ်တတ်တဲ့ အကြောင်းခံဟာ အသက်ရလို့ အကြားအာရုံလျော့တာကြောင့်ပဲ။ တချို့မှာတော့ ပတ်ဝန်းကျင် ဆူညံသံကြောင့် ဖြစ်တယ်။ တခြားအကြောင်းတရားတွေလဲ ရှိသေးတယ်။ Earwax နားဖာတွေများနေတာ၊ (အက်စပရင်)နဲ့ ပဋိဇီဝဆေးတွေကြောင့် ဖြစ်နိုင်တယ်။ အရက်သောက်များတာနဲ့(ကေဖင်း) ပါအရည်သောက်များတာ၊ နားပိုးဝင်တာ၊ နာစည်ပေါက်တာ၊ သွားနဲ့ခံတွင်းရောဂါ၊ နားနဲ့ခေါင်းထိခိုက်ဒဏ်ရာရတာ၊ ပတ်ဝန်းကျင်မတူတာ နှစ်မျိုးမှာ ရုတ်တရက် ပြောင်းနေတာ၊ ကိုယ်အလေးချိန်ကျလွန်းတာ၊ လေ့ကျင့်ခန်းလုပ်တာများတာ၊ သွေးတိုးနဲ့ သွေးကြောရောဂါ၊ အာရုံကြောရောဂါ၊ ဥပမာ- multiple sclerosis နဲ့ migraine headache ရောဂါ၊ သွေးအားနည်းရောဂါ၊ Acoustic neuroma ရောဂါ၊ Labyrinthitis ရောဂါ၊ Otosclerosis ရောဂါ၊ လည်ပင်းကြီးရောဂါ။ အများအားဖြင့် အလိုလိုပျောက်ပါတယ်။ ပြန်လဲဖြစ်တယ်။ မပျောက်နိုင်ရင် ဆရာဝန်ပြပါ။

Most Popular

Healthy Life Ad
To Top