Healthy Life Ad
Q & A

၀မ်းအရောင်မည်းရတဲ့ အကြောင်းရင်း

ပါမောက္ခဦးအေးမွန် မှ ဖြေကြားပေးပါသည်။

Q. ရောဂါကြောင့်မဟုတ်ဘဲ ဝမ်းအရောင်မည်းစေတဲ့ အချက်တွေ ရှိပါသလားဆရာ။
TT (FB)

A. သံဓာတ်(Iron)ပါတဲ့ ဆေးသောက်တာက ဝမ်းအရောင်ကို မည်းစေပါတယ်။ ကလီစာတွေ၊ အသည်းအမြစ်တွေ စားတာများရင်လည်း ဝမ်းမည်းတတ်ပါတယ်။ တချို့ဟင်းရွက်တွေကို များများစားရင်လည်း ဝမ်းအရောင်မည်းတတ်ပါတယ်။ ဒါပေမဲ့ ဒါက ဝမ်းအရောင်ပဲမည်းတာပါ။ Melena ရောဂါရဲ့ သဘောသဘာဝကျတော့ ဝမ်းမည်းရုံတင်မကဘူး၊ ဝမ်းက ကတ္တရာစေးလို စေးကပ်နေတတ်ပါတယ်။ ရေလောင်းလိုက်ရင်တောင် စေးကပ်နေတတ်ပါတယ်။ ပြီးတော့ အရမ်းနံပါတယ်။ သွေးညှီနံ့လို့ အနံ့မျိုး ရတတ်ပါတယ်။ ဒီလို လူနာရှိတဲ့ Ward ထဲကို သွားလိုက်ရင် ဆရာဝန်တွေသိပါတယ်။ သံဓာတ်ပါတဲ့ဆေးတွေ သောက်ရင်တော့ ဒီလိုမျိုး ဝမ်းက စေးကပ်တာ၊ အနံ့နံတာမျိုး မရှိပါဘူး။

Most Popular

Healthy Life Ad
To Top