ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။
Q. မျက်ခွံလေးသလိုလို၊ ပိသလိုလို ခံစားရတာက မျက်စိပြဿနာနဲ့ ဆက်စပ်နေပါသလား။
NN(FB)
A. မျက်ခွံလေးတာကတော့ မျက်စိညောင်းလို့ ဖြစ်တာပါပဲ။ မျက်စိကို နားနားနေနေ သုံးလိုက်ရင် ပြဿနာမရှိပါဘူး။ အသက်ကြီးတဲ့သူတွေမှာ မျက်ခွံလေးတာက အာရုံကြောရောဂါကြောင့်လည်း ဖြစ်နိုင်တော့ အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ အာရုံကြောရောဂါတွေကို ကုသဖို့လိုပါတယ်။