Healthy Life Ad
Health Tips

ကိုယ်ဝန်နဲ့ သုက်လွှတ်ခြင်း (Pregnancy and Ejaculation)

ဒေါက်တာတင့်ဆွေ

အမျိုးသားတွေက သုက်လွှတ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် သိနိုင်ပါလား။ အမျိုးသားနဲ့ အမျိုးသမီး ဆက်ဆံတုန်းမှာ အမျိုးသားတွေက သုက်မလွှတ်ရင် ကိုယ်ဝန်မရနိုင်ဘူးလား ဆရာ။

အမျိုးသားတွေက သုက်လွှတ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် သိနိုင်ပါတယ်။ သုက်လွှတ်ချိန်ဟာ အထွတ်အထိပ် ဖြစ်နေချိန်ဖြစ်တယ်။ ဆေးစာ (အင်္ဂလိပ်စာ)နဲ့ Orgasm လို့ရော Climax လို့ပါခေါ်တယ်။ သုက်လွှတ်ခြင်းကိုတော့ Ejaculation လို့ခေါ်တယ်။ အဲဒီဖြစ်စဉ်ပြီးတာနဲ့ အမျိုးသားဟာ ယာယီသဘောပြောပြော ဒီတခါဘဲပြောပြော လိင်ကိစ္စပြီးဆုံးသွားတဲ့ သဘောဖြစ်တယ်။ စိတ်ရောရုပ်ပါ တခန်းရပ်သွားတယ်။ နောက်တကြိမ်ပြန်ဖြစ်ဖို့ အချိန်ယူရသေးတယ်။ မိနစ်ပိုင်းသာကြာတာလဲ ဖြစ်ပါတယ်။ တခါတလေ တနေ့တွက်တာ တခါနဲ့ပြီးသွားတယ်။ တခါတလေ ဘယ်တော့ပြန်ဖြစ်မယ် မပြောနိုင်ဘူး။

အဲဒီ Ejaculation အဆင့်မဖြစ်ဘဲနဲ့ လိင်ကိစ္စကို ဒီတကြိမ်အတွက် အဆုံးမသတ်ဘူး။ အဆုံးမသတ်ချင်ဘူး။ ယောကျာ်းမှာ အဲလိုဆက်ဆံမှုပြုတိုင်း ကျေနပ်မှုရသွားတာမျိုးဟာ မိန်းမတွေက ဆက်ဆံမှုအကြိမ်တိုင်းမှာ အဲလိုဖြစ်ချင်မှဖြစ်တယ်။ ယောကျာ်းမှာ Orgasm မဖြစ်ဘူးဆိုတာ မရှိသလောက်ပါ။ အကြောင်းတခုခုကြောင့်သာ အဲဒီအဆင့်အထိမရောက်ဘဲ ရပ်နားလိုက်ရတာတော့ ရှိနိုင်တာပေါ့။ အဲလို Ejaculation သုက်လွှတ်ချိန်မှာ ယောကျာ်းမှာ ထူးခြားမှုတွေ အများကြီးရှိသေးတယ်။ စိတ်ကျေနပ်မှုရစေမယ်။ သာယာမှုအထွတ်အထိပ်ကို ခံစားရမှုရမယ်။ ကျားအင်္ဂါထိပ်ဝ (ဆီးထွက်ပေါက်) က Sperm သုက်ခေါ်တဲ့ အရည်ထွက်မယ်။ သုက်ထွက်တာက ပန်းထွက်တာမျိုး။ Rhythmic contractions စည်းချက်ကျကျ ပန်းထုတ်တာမျိုး ဖြစ်တယ်။ Spinal reflex ခါးရိုးထဲက အာရုံကြောတုံ့ပြန်မှုကနေ အဲလိုဖြစ်စေတယ်။ တိတိကျကျပြောရရင် နံပါတ် S2-4 တင်ပါးဆုံ အကြောနံပါတ် ၂ နဲ့ ၄၊ Pudendal nerve (ပြူဒင်တယ်) အာရုံကြောကနေ ဖြစ်စေတယ်။ စုစုပေါင်း စက္ကန့်တွေ အများကြီး အချိန်ကြာတယ်။ ပန်းထုတ်တဲ့ အကြိမ်ရေ မတူတတ်ဘူး။ ၁၀-၁၅ကြိမ် ဖြစ်တာများတယ်။ ပဌမဦးဆုံးတကြိမ် ညှစ်ထုတ်မှု First contraction ဖြစ်တာနဲ့ နောက်ဆက်မဖြစ်အောင်ထိန်းလို့ လုံးဝမရတော့ပါ။ ပန်းထုတ်တဲ့အားသန်ရာကနေ တဖြေးဖြေးပျော့လာလိမ့်မယ်။ အစမှာ Contraction ဟာ ဝ.၆ စက္ကန့်ကနေ နောက်ပိုင်း ဝ.၁ စက္ကန့်သာ ကြာတယ်။ ဆီးထွက်ပေါက်ကနေ ဘယ်လောက်အထိပြေးအောင် သွားနိုင်သလဲဆိုတာ စိတ်ဝင်စားသူတွေရှိလို့ လေ့လာမှုတွေပြုပေမဲ့ ကျန်းမာရေးအတွက် အသုံးမကျပါ။ မ-အင်္ဂါထဲမှာ ကိုယ်ဝန်ရစေဘို့ရော၊ သာယာမှုအတွက်ပါ အဝေးကြီးရောက်စေဘို့ မလိုဘူး။

“တည့်တည့်ဖြေရရင် ယောကျာ်းက မိန်းမရဲ့ (ဗဂျိုင်းနား) ထဲမှာ သုက်မလွှတ်ရင် ကိုယ်ဝန်မရစေပါ။ Orgasm ဖြစ်မှ သုက်ထွက်တယ်။ သုက်ထဲမှာသာ သုက်ပိုးပါတယ်။ ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးတွေက မမျိုးဥနဲ့တွေ့ဆုံ-ပေါင်းစပ်မှသာ သန္ဓေဖြစ်စေတယ်။”

Ejaculation သုက်လွှတ်တာဟာ Stimulation ဆိုတဲ့ နှိုးဆွမှုတွေ ပြည့်စုံ-ကျေနပ်ရင်ရတယ်။ အဖေါ်မိန်းကလေးမပါဘဲ သူတယောက်ထဲလဲ (မာစတာဘေးရှင်း) လုပ်ပြီး ဖြစ်နိုင်တယ်။ မိန်းကလေးတွေလဲ တယောက်ထဲနဲ့ အဲလိုလုပ်လို့ရတယ်။ Sympathetic nervous system (ဆင်ပသပ်တစ်) အာရုံကြောစနစ်ကနေ လုပ်ပေးတာဖြစ်တယ်။ ဖြစ်စဉ်အစပိုင်းမှာ သူ့ရဲ့ Urethra (ယူရစ်သရာ) ဆီးပြွန်မှာ Pulses ခုန်လာတာမျိုး သိလာမယ်။ ခုန်တယ်ဆိုတာ ဆရာဝန်တွေက လူနာရဲ့လက်ကောက်ဝတ်မှာ စမ်းကြတာမျိုးဖြစ်တယ်။ Ejaculation ဖြစ်နေတုံး သုက်ထွက်လာမှာက ပဌမ ၁-၂ ကြိမ်ညှစ်တာမှာ ဖြစ်တယ်။ ဒုတိယညှစ်တဲ့အချိန် ထွက်တာအများဆုံး၊ သုက်စုစုပေါင်းရဲ့ ၄၀% ထွက်တယ်။ ထွက်တာရပ်ပြီးလဲ ညှစ်အားဆက်ရှိနေသေးတယ်။ ပန်းထုတ်တာက ၅-၁၀ ကြိမ် ဖြစ်တယ်။ နောက်သုတေသနတခုက ၅-၂၃ ကြိမ်အထိ ရှိတာသိရတယ်။ အကြိမ်များတိုင်း အရည်များတာတော့မဟုတ်ဘူး။ ခံစားမှုတော့ ပိုစေမယ်။

Orgasm ဖြစ်တာမှာ တကိုယ်လုံးမယ် ထူးခြားမှုတွေရှိလို့ ဒီဖြစ်စဉ်တွေကို ယောကျာ်းဟာ မသိမရှိသိပါတယ်။ အဖော်မိန်ကလေးကိုယ်တိုင်ပါ ယောကျာ်းအဲလိုဖြစ်နေတာကို ခံစားပြီး သိစေနိုင်တယ်။ တချို့က အဲလိုပြီးစီးတာကို သိပ်သဘောကျတယ်။ ကိုယ်ဝန်တားနည်းတခုဖြစ်တဲ့ Withdrawal method သုက်ရည်အပြင်ထုတ်ပြစ်ခြင်း လုပ်တာက တချို့မိန်းကလေးတွေအတွက် သာယာမှုနည်းစေတတ်တယ်။ ဘယ်အရာမဆို ချင့်ချိန်ရတာမို့ ကိုယ်ဝန်တားချင်တာအတွက် သာယာမှုကို လျှော့သင့်ရင် လျှော့ရမှာပေါ့။ မိန်းကလေး Orgasm ဖြစ်တာကို သိစေနိုင်တာတော့ နည်းတတ်တယ်။ တချို့မှာတော့ သိပ်ကိုသိသာတယ်။ လိင်ဆက်ဆံချိန်မှာ အသံထွက်တာ၊ မျက်နှာအမူအယာ စတာတွေက တယောက်နဲ့တယောက် တော်တော်မတူတတ်ဘူး။ ပြီးချိန်မှာလဲ အဲလိုဘဲ။ ပြီးသွားစေတယ်ဆိုတာက ဂုဏ်ယူစရာ၊ အားတက်စရာမျိုး ဖြစ်တယ်။ ဒါ့ကြောင့် အမျိုးသမီးတချို့က Fake orgasm အယောင်ဆောင်ပြီးတယ်လို့ လုပ်တတ်ကြသေးတယ်။

အမျိုးသားနဲ့ အမျိုးသမီး ဆက်ဆံတုန်းမှာ အမျိုးသားတွေက သုက်မလွတ်ရင် ကိုယ်ဝန်မရနိုင်ဘူးလား ဆရာ။၊

တည့်တည့်ဖြေရရင် ယောကျာ်းက မိန်းမရဲ့ (ဗဂျိုင်းနား) ထဲမှာ သုက်မလွှတ်ရင် ကိုယ်ဝန်မရစေပါ။ Orgasm ဖြစ်မှ သုက်ထွက်တယ်။ သုက်ထဲမှာသာ သုက်ပိုးပါတယ်။ ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးတွေက မမျိုးဥနဲ့ တွေ့ဆုံ-ပေါင်းစပ်မှသာ သန္ဓေဖြစ်စေတယ်။ ယောကျာ်းမှာ ကနဦး စိုစွတ်မှုဖြစ်တဲ့ Semen အရည်ထဲမှာ သုက်ပိုးမပါပါ။ သုက်ရည်ဆိုတာထဲမှာက Sperm (စပမ်း) သုက်ပိုးနဲ့ Seminal fluid (ဆီမီနယ်) အရည်ရောနေတယ်။ သုက်ရည် ၁ စီစီထဲမှာ သုက်ပိုးကောင်ရေ သန်း ၂၀ ပါတယ်။ Ejaculation သုက်လွှတ်တယ်လို့ဘဲ ခေါ်တဲ့ ဖြစ်စဉ်မှာ တချို့ယောကျာ်းတွေက သုက်ပိုးမပါဘူး။ Anejaculation သုက်မထွက်နိုင်ခြင်းထဲမှာလဲ ၂ မျိုးရှိတယ်။

(၁) Total anejaculation လုံးဝသုက်မလွှတ်နိုင်ခြင်း

ဘယ်အခါမျိုးမှ သုက်က ထွက်မလာသူမျိုး။ ဒါပေမဲ့ အိပ်မပျော်တဲ့ အချိန်မျိုးမှာ ဘယ်လိုလုပ်လုပ် သုက်မထုတ်နိုင်ပေမဲ့ အိပ်ပျော်နေတုံး ဖြစ်နိုင်တယ်။ ဒီလိုဖြစ်တာ စိတ်ကြောင့်ပါ။

(၂) Orgasmic anejaculation

စိတ်ဆန္ဒပြည့်ဝမှု ရနိုင်ပေမဲ့ သုက်ကမပါဘူး။ ထွက်မှန်းမသိ၊ ဒါမှမဟုတ် အနည်းအပါးလောက်သာထွက်မယ်။ သုက်ထွက်ပြွန်မှာ ပိတ်နေတာ၊ အာရုံကြော မကောင်းတာနဲ့ Retrograde ejaculation သုက်ပြောင်းပြန် ထွက်တာတွေကြောင့် ဖြစ်နိုင်တယ်။ ကလေးမရစေတဲ့ အကြောင်းတွေထဲက တခုဖြစ်တယ်။

Most Popular

Healthy Life Ad
To Top