Healthy Life Ad
Health Tips

လက်သည်းဝါရခြင်း အကြောင်းရင်းနှင့် ကုသရန်နည်းလမ်းများ

စူး (ဆေးဝါးတက္ကသိုလ်)

ကြည်လင်ပြီး ရှင်းသန့်တဲ့လက်သည်းတွေရှိတာ အလွန်အဆင်ပြေပါတယ်။ လက်သည်းကဝါပြီး သန့်ရှင်းမှုမရှိရင် သင့်ကျန်းမာရေးကိုသာမက သင့်ကို ပထမဆုံးအကြိမ် တွေ့တဲ့သူကပါ အဆိုးမြင်စေနိုင်ပါတယ်။ လက်သည်းတွေ အဝါရောင်သမ်းတယ်၊ လက်သည်းကြွပ်ဆတ်တယ်ဆိုတာက အခြေခံရောဂါလက္ခဏာတစ်ရပ်ဖြစ်မှန်း လူအများစုက မသိကြသေးပါဘူး။

လက်သည်းဝါရသော အကြောင်းရင်း

လက်သည်းဝါတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တချို့အစာတွေက လက်သည်းတွေကို စွန်းထင်းစေပြီး လက်သည်းတွေကို ဝါစေနိုင်ပါတယ်။

နနွင်း

နနွင်းက လက်သည်းတွေမှာ အဝါရောင်စွန်းထင်းစေနိုင်ပါတယ်။ အိန္ဒိယအစားအသောက်မှာ နနွင်းပါတာကြောင့် လက်သည်းကို အဝါရောင်စွန်းစေပါတယ်။

ဆော်ဒါ

တစ်ခါတလေ ဆော်ဒါအချိုရည် များများသောက်တာကြောင့် လက်သည်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆော်ဒါမှာ သဘာဝကြေးချွတ်အစွမ်းရှိတာကြောင့် လက်သည်းအရောင်တွေကို မှိန်ဖျော့စေပါတယ်။ ကြမ်းတမ်းတဲ့ ဆော်ဒါအချိုရည်နဲ့ ထိတွေ့မှုကြောင့် လက်သည်းအရောင်ဝါတာနဲ့ ကျိုးပြတ်တာကို မကြာခဏ ဖြစ်စေနိုင်ပါတယ်။

ဓာတုပစ္စည်းများ

လက်သည်းဆိုးဆေးတွေကို မကြာခဏဆိုးလိုက်၊ လက်သည်းဖျက်ဆေးနဲ့ဖျက်လိုက် လုပ်တာကြောင့် လက်သည်းတွေမှာ ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းထိတွေ့မှုဖြစ်စေကာ လက်သည်းကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းတွေကို ရေရှည်သုံးတာကြောင့် လက်သည်းတွေမှာ ဓာတ်မတည့်မှုနဲ့ တုံ့ပြန်မှုတွေ ဖြစ်စေနိုင်တာလည်း အမှန်ပါ။

ရောဂါများ

ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေမှာ လက်သည်းဝါတာက သိုင်းရွိုက်ရောဂါ၊ ဆိုးရီးယေးစစ်ရောဂါ၊ ဆီးချိုရောဂါတို့လို တချို့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ လက်သည်းဝါတာက သားငံရည်ဆိုင်ရာ ဝေဒနာဖြစ်သူတွေမှာ အများအားဖြင့် တွေ့နိုင်ပါတယ်။

လက်သည်းဝါတာကို သဘာဝနည်းနဲ့ ဘယ်လိုပြုပြင်နိုင်မလဲ

လက်သည်းကျန်းမာရေး ကောင်းမွန်ဖို့နဲ့ လက်သည်းဝါတာ ကင်းစင်စေဖို့ လက်သည်းကို အပျော့စားဆပ်ပြာနဲ့ ရေသုံးပြီး ဆေးကြောပေးပါ။ လက်သည်းတွေကို အုန်းဆီနဲ့ အစိုဓာတ်ထိန်းပေးပါ။ ဒီအဆီဓာတ်က လက်သည်းကို အားဖြည့်ပေးပြီး လက်သည်းထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လက်သည်းက ဖန်းဂတ်စ်မှိုကူးစက်ခံရရင် ဒါမှမဟုတ် ဓာတ်မတည့်တုံ့ပြန်မှုဖြစ်ရင် လက်ဖက်ဆီက ကူးစက်ပိုးတွေကို ကုသပေးနိုင်ပါတယ်။ လက်ဖက်ဆီမှာ ဘက်တီးရီးယားပိုးနဲ့ ဖန်းဂတ်စ်ပိုးကင်းစင်စေတဲ့ အစွမ်းရှိပါတယ်။ ဘိုင်အိုတင်နဲ့ ကီရာတင်အများအပြား ပါဝင်တဲ့ အစာတွေကိုစားပါ။ အဲဒါတွေက ဥအမျိူးမျိုး၊ အိုမီဂါ၃ဖက်တီးအက်စစ်၊ ဘလူးဘယ်ရီသီး၊ ကမာကောင်၊ အနီရောင်အသားနဲ့ ထောပတ်သီးတို့ ဖြစ်ကြပါတယ်။ ဒီအိမ်တွင်းကုထုံးတွေက သင့်ကိုမကူညီနိုင်ရင်တော့ သမားတော်နဲ့ ပြသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top