Healthy Life Ad
Health Tips

ဆီးမထိန်းနိုင်ခြင်းအကြောင်း အယူအဆများ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ကနေဒါလူမျိုးအများစုဟာ နေ့တိုင်း ဆီးမထိန်းနိုင်တဲ့ ပြဿနာ ခံစားနေရတယ်လို့ ဆိုပါတယ်။ ဆီးမထိန်းနိုင်တဲ့ ဝေဒနာနဲ့ ပတ်သက်ပြီး လူအများစုဟာ လက်ဆင့်ကမ်းပြောလာတဲ့ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို လက်ခံထားတတ်ပါတယ်။ ဒါကြောင့် ဒီအယူအဆတွေနဲ့ ပတ်သက်ပြီး အမှန်သိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

အယူအဆ – ဆီးမထိန်းနိုင်တာက ရောဂါတစ်ခုဖြစ်ပါတယ်။

အမှန်

ဆီးမထိန်းနိုင်တာက ခန္ဓာကိုယ်မှာ ပြောင်းလဲနေတဲ့ အခြေအနေတစ်ရပ်ရဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ဆီးမထိန်းနိုင်တဲ့ အခြေခံအကြောင်းရင်းကို ရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးပါတယ်။

အယူအဆ – ဆီးမထိန်းနိုင်တာက အသက်ကြီးတဲ့သူတွေမှာပဲ အဓိက ဖြစ်ပါတယ်။

အမှန်

ဆီးမထိန်းနိုင်တာက အသက်အရွယ်မရွေး အမျိုးသားရော အမျိုးသမီးပါ ဖြစ်တတ်တဲ့ အခြေအနေပါ။ အသက်ခြောက်နှစ်အရွယ် ၁၀ ရာခိုင်နှုန်းဟာ ဆီးအိတ်မထိန်းချုပ်နိုင်တဲ့ ပြဿနာရှိနေကြပြီး အသက် ၄၀ ကျော် အမျိုးသမီးသုံးယောက်မှာ အနည်းဆုံး တစ်ယောက်ဟာ ဆီးမထိန်းနိုင်တဲ့ ဝေဒနာရှိတယ်လို့ ခန့်မှန်းသိရှိရပါတယ်။

အယူအဆ – ဆီးမထိန်းနိုင်တာက အိုမင်းတဲ့ လက္ခဏာပါ။

အမှန်

အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ထဲ အပြောင်းအလဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဆီးမထိန်းနိုင်တဲ့ ပြဿနာ ဖြစ်စေနိုင်ပေမယ့် အိုမင်းတာ တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ပါဘူး။ အိုမင်းမှုကြောင့် မဖြစ်မနေ ခံစားရတဲ့ ပြဿနာလည်း မဟုတ်ပါဘူး။

အယူအဆ – ဆီးမထိန်းနိုင်တဲ့ ပြဿနာရှိရင် ကုသပျောက်ကင်းနိုင်ခြေ မရှိပါဘူး။

အမှန်

အများအားဖြင့် ဆီးမထိန်းနိုင်တဲ့ ပြဿနာကို ကုသပျောက်ကင်းနိုင်ပါတယ်။ ဆီးမထိန်းနိုင်တဲ့ အခြေအနေကို အောင်မြင်စွာ ထိန်းချုပ်ကုသနိုင်တဲ့ နည်းလမ်းတွေ ရှိတဲ့အနက် အခြေခံရောဂါကို ရှာဖွေတွေ့ရှိပြီး သင့်တော်တဲ့ ကုသမှုခံယူရင် ပျောက်ကင်းနိုင်ခြေ များပါတယ်။

Most Popular

Healthy Life Ad
To Top