Healthy Life Ad
Q & A

ခြေထောက် တံကောက်ကွေးနောက်မှာ ခဏခဏ ပြန်ဖြစ်နေတဲ့ ဘုကြီး . . .

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ခြေထောက် တံကောက်ကွေးနောက်မှာ ဘုကြီးဖြစ်နေလို့ ဆရာဝန်သွားပြတော့ အရည်ကြည်တွေကို အပ်နဲ့စုပ်ထုတ်ပေးပါတယ်။ ဒါပေမဲ့ မကြာခဏ ပြန်ဖြစ်နေတယ်။ ဘာလုပ်သင့်ပါသလဲ ဆရာ။
LaiLai(FB)

A. ခြေထောက် တံကောက်ကွေးနောက်မှာ ဘုကြီး ဖြစ်တတ်ပါတယ်။ အဲဒီဘုကို ဆရာတို့က ဆေးပညာအရ Popliteal Cyst လို့ခေါ်ပါတယ်။ အဲဒါက အများအားဖြင့် ဒူးဆစ်ကနေတဆင့် ဖြစ်တတ်ပါတယ်။ ဒူးဆစ် ပတ်ပတ်လည်မှာရှိတဲ့ အရွတ်တွေနဲ့ ကြွက်သားတွေမှာ ဖြစ်တတ်ပါတယ်။ အလယ်တည့်တည့်မှာလည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် ဥဗ ဒူးနာရောဂါဖြစ်နေတယ်ဆိုရင် အနောက်ကနေ အဲဒီလိုဘု ထွက်လာတတ်ပါတယ်။ အဲဒီဘုက တော်တော်ကြီးလာနိုင်ပါတယ်။ တင်းပြီး ဖောင်းနေပါတယ်။ တချို့က နည်းနည်းနာတတ်ပါတယ်။ တချို့ကတော့ ဘာမှသိပ်မဖြစ်ပါဘူး။ အရည်ကြည်ဖုကို စုပ်ထုတ်လိုက်ရင် ဝါတာတာအရည်ကြည်တွေ ထွက်လာပါတယ်။ အဲဒီလိုလုပ်လိုက်ရင် ပြန်သေးသွားပါတယ်။ တချို့က ပြန်မဖြစ်တော့ပါဘူး။ တချို့ကတော့ ခဏခဏပြန်ဖြစ်နေတတ်ပါတယ်။ ခဏခဏပြန်ဖြစ်နေရင်တော့ ခွဲစိတ်ကုသလို့ရပါတယ်။ လိမ်းဆေး၊ ထိုးဆေးတွေနဲ့ ကုလို့မရပါဘူး။ စုပ်ထုတ်တဲ့အချိန် မသန့်လို့ ပိုးဝင်တာဖြစ်ရင်တော့ အရေးကြီးပါတယ်။ ဒီဘုကြီးက ဒူးမနာဘဲနဲ့လည်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးကြီးလူတွေမှာ ဖြစ်တာများပါတယ်။ ငယ်တဲ့အရွယ်မှာ ဖြစ်တာနည်းပါတယ်။

Most Popular

Healthy Life Ad
To Top