Healthy Life Ad
Health Tips

နှလုံးကျန်းမာစေမည့် အဆင့် ၇ ဆင့်

စူး (ဆေးဝါးတက္ကသိုလ်)

နှလုံးရောဂါအမောဖောက်ခြင်းနဲ့ လေဖြတ်ခြင်းအန္တရာယ် လျော့ကျစေဖို့ အပြောင်းအလဲကြီးတွေ လုပ်စရာမလိုပါဘူး။ သင့်ဘဝကို ကယ်တင်နိုင်မယ့် ကျန်းမာရေးအကျင့်ကောင်း ၇ ရပ်ကို လိုက်နာဖို့ လိုအပ်ပါတယ်။

ဆေးလိပ်ကင်းစင်သောနေရာတွင်နေပါ

ကိုယ်တိုင်ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်သင့်ပါတယ်။

သွေးဖိအားထိန်းပါ

သင့်သွေးပေါင်ကို ၁၂၀/၈၀ mmHg အောက် လျှော့ချသင့်ပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန်ထိန်းပါ

ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (BMI)က ၂၅ ထက်မနည်းအောင် ဦးတည်ထားသင့်ပါတယ်။

သွေးတွင်းကိုလက်စထရောကို စောင့်ကြည့်ပါ

သွေးတွင်းကိုလက်စထရောပမာဏကို ၂၀ဝ mg/dl အောက် လျှော့ထားပေးသင့်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပါ

သွေးတွင်းသကြားဓာတ်ကို အစာမစားဘဲ စစ်ဆေးချိန်မှာ ၁၀ဝ mg/dlအောက် လျှော့ထားပေးသင့်ပါတယ်။

တက်တက်ကြွကြွနေပါ

ခပ်သွက်သွက်လမ်းလျှောက်တာလို လေ့ကျင့်ခန်းကို တစ်ပတ်မှာ ၁၅၀ မိနစ်လောက်အထိ လုပ်ဆောင်ပေးသင့်ပါတယ်။

နှလုံးကျန်းမာရေးနှင့်အညီ စားသောက်ပါ

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ကောက်နှံစာအားလုံးနဲ့ ငါး စတာတွေကို စားသင့်ပါတယ်။ ဆိုဒီယမ်၊ ပြည့်ဝဆီနဲ့ သကြားတွေကို လျှော့စားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top