Healthy Life Ad
Health Tips

ဆေးလိပ်သောက်ခြင်းဖြင့် နှလုံးကိုဝန်ပိစေနိုင်

ဆေးလိပ်သောက်သူတွေက ဆေးလိပ်သောက်ရတာကို သဘောကျကောင်း ကျနေပါလိမ့်မယ်။ ဒါပေမဲ့ ဆေးလိပ်ကတော့ သင့်နှလုံးကို ကြင်နာနေမှာမဟုတ်ပါဘူး။ ဆေးလိပ်သောက်တာကြောင့် နှလုံးအပေါ် ထိခိုက်စေနိုင်တဲ့ အချက်တွေကို အမေရိကန်အမျိုးသား နှလုံး၊ အဆုတ်နဲ့ သွေးဆိုင်ရာတက္ကသိုလ်က အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

ဆေးလိပ်သောက်တာကြောင့် သွေးတွေခဲသွားပြီး သွေးရဲ့လုပ်ငန်းဆောင်တာ တစ်ရပ်ဖြစ်တဲ့ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်တွေကို ပို့ဆောင်ပေးဖို့ ပိုခက်ခဲသွားပါတယ်။

ဆေးလိပ်သောက်တာကြောင့် သွေးတိုးလာပြီး နှလုံးခုန်နှုန်း မြန်လာပါတယ်။ ဒါကြောင့် နှလုံးရဲ့ အလုပ်လုပ်နိုင်စွမ်းအားက ပိုပြီးပင်ပန်းလာပါတယ်။

ဆေးလိပ်သောက်တာကြောင့် ကောင်းတဲ့ကိုလက်စထရော လျော့ကျပြီး မကောင်းတဲ့ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်အဆီတွေ တိုးလာပါတယ်။

ဆေးလိပ်သောက်တာကြောင့် နှလုံးခုန်နှုန်းကို ပုံမမှန်ဖြစ်စေပြီး ရောင်ရမ်းမှုဖြစ်လာကာ သွေးကြောတွေမှာ အဆီခဲတွေ ပိတ်ဆို့မှုဖြစ်လာပါတယ်။

ဆေးလိပ်သောက်တာကြောင့် သွေးကြောနံရံတွေ မာကြောလာပြီး သွေးကြောကျဉ်းလာကာ နှလုံးကနေ သွေးတွေကို ညှစ်ထုတ်ဖို့ ပိုပြီးခက်ခဲလာပါတယ်။

ဆေးလိပ်ကြောင့် နှလုံးမှာဖြစ်တတ်တဲ့ ကျန်းမာရေးအန္တရာယ်တွေက များတာကြောင့် နှလုံးကျန်းမာရေးအတွက် ဆေးလိပ်ကို ဖြတ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top