Healthy Life Ad
Q & A

သွေးကျဲဆေးသောက်ပြီး မူးနေလို့ပါ . . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. သွေးပြစ်လို့ သွေးကျဲဆေးသောက်နေရပါတယ် ဆရာ။ တစ်နှစ်ကျော်ပါပြီ။ သွေးပြစ်ကတည်းက မူးနေတာ အခုချိန်ထိမပျောက်လို့ပါဆရာ။ ကူညီပါဆရာ။
Thet Ko Zaw (FB)

A. သွေးပြစ်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ သေချာမသိပါဘူး။ သွေးကျဲဆေးလို့ ဆရာတို့သုံးတာက Aspirin အက်စပရင်အုပ်စု (Antiplatelets) လို့ ခေါ်ပါတယ်။ သွေးဥမွှားတစ်ခုနဲ့တစ်ခု ကပ်ငြိခြင်းမရှိဘဲနဲ့ သွေးလျှောက်ကောင်းအောင်ဆိုပြီး သွေးကြောကျဉ်းတဲ့သူတွေမှာပေးတဲ့ ဆေးဖြစ်ပါတယ်။ သွေးပြစ်တယ်ဆိုပြီး အကြမ်းမျဉ်းသုံးလေ့ရှိတာက သွေးနီဥတွေ အလွန်အမင်းများပြီး သွေးထဲမှာ ကြပ်ညပ်တာကို သွေးပြစ်တယ်လို့ ပြောပါတယ်။ သွေးပြစ်ရင် သွေးပြစ်ပျောက်ဆေးဆိုပြီး မရှိပါဘူး။ ဘာကြောင့် သွေးပြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းရှာပြီး အဲဒီအကြောင်းရင်းကိုပဲ ကုရပါတယ်။ အခုမေးထားတဲ့ မေးခွန်းအရ သွေးပြစ်တယ်ဆိုတာ ဘာကိုဆိုလို မှန်း မသိတဲ့အတွက် ဆက်ဖြေလို့မရပါဘူး။ ကိုယ့်ကို သွေးကျဲဆေးညွှန်းထားတဲ့ ဆရာဝန်နဲ့ ပြန်တိုင်ပင်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ခေါင်းမူးတာက သွေးပြစ်တာနဲ့ ဆက်စပ်မှုနည်းနိုင်ပါတယ်။ ခေါင်းမူးစေတဲ့ အကြောင်းရင်းကိုရှာပြီး ကုသင့်ပါတယ်။ ကိုယ်ရဲ့ခေါင်းမူးတဲ့ ဝေဒနာက နေ့စဉ်သွားလာနေထိုင်စားသောက်မှုမှာ အဟန့်အတားဖြစ်လောက်အောင် ရှိတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါရှာဖွေကုသဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top