Healthy Life Ad
Health Tips

အိမ်မှာ သင့်ကလေးအတွက် စိတ်ဖိစီးမှုဖြစ်စရာများ

ငွေကြယ်စင်ယံ

ကလေးတွေရဲ့စိတ်က နုနယ်လှပါတယ်။ လူကြီးတွေက ကလေးအနေနဲ့ ဘာမှခံစားရမှာမဟုတ်ဘူးလို့ ထင်ထားတဲ့အရာတွေက တစ်ခါတစ်ရံမှာ ကလေးအတွက် ကြီးစွာသော စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။

(၁) စီးပွားရေးအခြေအနေ

ငွေရေးကြေးရေးဆိုင်ရာ သတင်းအချက်အလက်တွေဟာ အိမ်တွင်းမှာမသာမယာဖြစ်စေတဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။ ဥပမာပြောရရင် အလုပ်လက်မဲ့ဖြစ်တာ၊ အလုပ်အကိုင်တွေအဆင်မပြေတာ၊ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ၊ အရောင်းအဝယ်တွေ အရှုံးပေါ်တာ စတာတွေပဲဖြစ်ပါတယ်။

(၂) မိဘနှင့်သားသမီး ဝေးကွာလာခြင်း

မိဘတွေက အလုပ်ကိစ္စတွေကြား ရုန်းကန်နေရချိန်မှာ သားသမီးတွေက ဖက်ရှင်၊ ဂီတ၊ စာပေနဲ့ တခြားယဉ်ကျေးမှုတွေကြား စီးဝင်မျောပါနေတာကြောင့် မိဘနဲ့သားသမီးတွေဟာ အလိုလိုဝေးကွာလာတာမျိုးပဲ ဖြစ်ပါတယ်။

(၃) အိုင်တီပစ္စည်း သုံးလွန်းခြင်း

ဒီနေ့ခေတ် မိသားစုတွေမှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါတွေကတော့ မိခင်၊ ဖခင်၊ သားသမီးစတဲ့ မိသားစုဝင်တွေက တစ်မိုးအောက်မှာ နေနေပေမယ့် သီးခြားကမ္ဘာတွေမှာ နေနေကြရပါတယ်။ သူတို့က ကိုယ်ပိုင်အိုင်တီပစ္စည်းတွေနဲ့ အချိန်ကုန်နေကြပြီး မိဘတွေက အလုပ်ကမေးတွေစစ်တာ၊ ဂိမ်းကစားတာ စတာတွေနဲ့ အချိန်ကုန်နေတတ်ပါတယ်။ တချို့ဆယ်ကျော်သက်အရွယ် ကလေးတွေဆိုရင် အခန်းတံခါးပိတ်ပြီး ကွန်ပျူတာသုံးနေတာမျိုး ရှိတတ်ပါတယ်။ ဒါဟာ မိသားစုစုံညီပျော်ရွှင်ရမယ့် အချိန်တွေကို ကုန်ဆုံးစေတဲ့ အရာပဲဖြစ်ပါတယ်။

(၄) မိဘနှစ်ပါးစလုံး အလုပ်လုပ်ခြင်း

ကုန်ဈေးနှုန်းက ကြီးမြင့်လာတာကြောင့် တစ်ယောက်တည်းအလုပ်လုပ်ရင် အကြွေးတင်လာတာ၊ လူနေမှုအဆင့်အတန်း နိမ့်ကျလာတာတွေ ဖြစ်လာတတ်ပါတယ်။ မိသားစုတစ်စုကို ထောက်ပံ့ဖို့ အိမ်ထောင်ဦးစီးတစ်ယောက်တည်းကပဲ စွမ်းဆောင်နိုင်ဖို့ ပိုပိုပြီးခက်ခဲလာတဲ့အတွက် ဒီနေ့ခေတ်မှာ အများအားဖြင့် ဇနီးမောင်နှံနှစ်ဦးစလုံး အလုပ်လုပ်ရတာကြောင့် ကလေးတွေနဲ့အတူ အိမ်မှာနေထိုင်နိုင်တဲ့ အချိန်လျော့ပါးလာပါတော့တယ်။ ဒါဟာ ကလေးတွေကို ဖိစီးမှုခံစားရစေပါတယ်။

(၅) အိမ်ထောင်ကွဲခြင်း

အိမ်ထောင်ကွဲတာဟာ လူ့အဖွဲ့အစည်းမှာ နစ်နာမှုတစ်ရပ်ဖြစ်သလို ကလေးတွေကိုလည်း စိတ်ဖိစီးပင်ပန်းမှုကို သိသိသာသာ ခံစားရစေပါတယ်။

Most Popular

Healthy Life Ad
To Top