Healthy Life Ad
Q & A

ဘာလုပ်သင့်ပါသလဲ . . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. Ultrasound ရိုက်တော့ အခုလိုပြန်ဖြစ်နေပါတယ်။ စိတ်ဓာတ်တွေလည်း အရမ်းကိုကျဆင်းနေပါပြီ။ ဘယ်လိုလုပ်သင့်လဲဆိုတာ ပြောပြပေးပါနော်။ ခွဲမှရမှာလားဆိုတာလည်း သိချင်ပါတယ်။

A. အာထရာဆောင်းအဖြေအရ သားဥအိမ်မှာ အရည်အိတ်နှစ်ဖက်စလုံး ဖြစ်နေပါတယ်။ ပထမတစ်ခေါက် ခွဲပြီးပြီပြောတယ်။ အရေးကြီးတာက အရင်တစ်ခေါက်ခွဲထားတာရဲ့ အသားစအဖြေ (Biopsy) ကို ကြည့်ဖို့ပါ။ သားဥအိမ်မှာ အန္တရာယ်ပေးနိုင်တဲ့ အရည်အိတ်အပြင် အန္တရာယ်မပေးနိုင်တဲ့ အရည်အိတ်လည်း ဖြစ်တတ်ပါတယ်။ အဲဒီအရည်အိတ်ကလည်း ပြန်ပြည့်တတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ အရင်အသားစအဖြေကို ပြန်ကြည့်ရပါမယ်။ ပြီးတော့ ကိုယ့်ကိုခွဲပေးတဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ ကိုယ်နဲ့သက်ဆိုင်တဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့တိုင်ပင်ပြီး ခွဲသင့်၊ မသင့် တိုင်ပင်တာအကောင်းဆုံးဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top