Healthy Life Ad
Q & A

ဓာတုဆေးနဲ့ အမှည့်မြန်အောင်လုပ်ထားတဲ့ ငှက်ပျောသီးကိုစားရင် ဘေးထွက်ဆိုးကျိုးရှိသလား …

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ဓာတုဆေးနဲ့ အမှည့်မြန်အောင်လုပ်ထားတဲ့ ငှက်ပျောသီးတွေကိုစားရင် ဘေးထွက်ဆိုးကျိုးတွေ ရှိ၊ မရှိ သိချင်လို့ပါ။

Tun Tun (FB)

A. ဒီအဖြေကို တိတိကျကျတော့ မသိသေးပါဘူး။ မူလငှက်ပျောခိုင်ကနေ ငှက်ပျောသီးမှည့်စေတဲ့ ဓာတ်တစ်မျိုးထွက်ပါတယ်။ အဲဒီဓာတ်က ငှက်ပျောသီးကို မှည့်စေတာဖြစ်လို့ အဲဒီအလားတူဓာတ်ကို အပြင်ကနေ ငှက်ပျောသီးအညှာနဲ့တို့ပြီး မှည့်အောင်လုပ်တယ်လို့ ယူဆရတယ်။ တို့လိုက်တဲ့ဓာတ်ကလည်း မူလငှက်ပျောခိုင်ကထွက်တဲ့ ဓာတ်နဲ့တူတယ်၊ ဒါပေမဲ့ အပြင်မှာလုပ်ထားတဲ့ ဓာတ်အတုပါ။ ဒီလိုဓာတ်နဲ့ လုပ်ရာက မှည့်လာတဲ့အတွက် လတ်တလောမှာတော့ ကျန်းမာရေးပြဿနာ ကြီးကြီးမားမားမရှိပါဘူး။ ဒါပေမဲ့ ရေရှည်မှာတော့ အော်ဂဲနစ်မဟုတ်တဲ့ ပြဿနာတွေ၊ ဆိုးကျိုးတွေ ရှိချင်ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်မလဲဆိုတာ ကောင်းကောင်းသေချာ မသိသေးပါဘူး။ အကောင်းဆုံးကတော့ သဘာဝအတိုင်း မှည့်ထားတဲ့ အော်ဂဲနစ်သစ်သီးဝလံတွေကို စားတာတော့ အကောင်းဆုံးဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top