Healthy Life Ad
Q & A

ကျောက်ကပ်ဆေးပြီးရင် ပြန်ကောင်းနိုင်သေးလား

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ကျောက်ကပ်လူနာရှင်တစ်ဦးက ကျောက်ကပ်ဆေးရတဲ့ အဆင့်ရောက်သွားရင် အဲဒီလူနာက ကျောက်ကပ်ပြန်လည်ကောင်းလာဖို့ ခက်ခဲပြီး ရာနှုန်းနည်းသွားပြီဆိုတာ ဟုတ်ပါသလား။ ဟုတ်ရင် ဘာကြောင့်လဲ၊ ပြီးတော့ ကျောက်ကပ်ကို ဘာကြောင့်ဆေးရပါသလဲ။

ဦးသန့်ဇင်၊ ကျောက်တံတား။

A. ကျောက်ကပ်အားနည်း ပျက်စီးသွားတယ်ဆိုတာ ကျောက်ကပ်က ပုံမှန်အလုပ်တွေကို မလုပ်နိုင်တော့လို့ပါ။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ ပုံမှန်လုပ်နိုင်တာရဲ့ ၁၅ ရာခိုင်နှုန်းအောက် နည်းသွားပြီဆိုရင် ကျောက်ကပ်ဆေးရတတ်ပါတယ်။ ကျောက်ကပ်ဆေးတယ်ဆိုတာ ကျောက်ကပ်ကိုယ်စား ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သွေးတွေကို သန့်စင်ပေးတာပါ။ ဒါကြောင့် ကျောက်ကပ်ဆေးတာနဲ့ ကျောက်ကပ်ပြန်ကောင်းတာ ဘာမှမဆိုင်ပါဘူး။ ကျောက်ကပ်အလုပ်မလုပ်နိုင်လို့သာ ကျောက်ကပ်ဆေးရတာ (ကျောက်ကပ်သွေးသန့်စင်ရတာ) ဖြစ်ပါတယ်။ ကျောက်ကပ်ဆေးတာကို ဆက်လက်လုပ်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နာတာရှည်ရောဂါကြောင့် ကျောက်ကပ်ပျက်စီးသွားတယ်ဆိုရင် တစ်သက်လုံး ပြန်မကောင်းတော့ပါဘူး။ ယာယီဖြစ်တဲ့ ကျောက်ကပ်ပျက်စီးမှု(ဥပမာ မြွေပွေးကိုက်တာ၊ သွေးဆိပ်တက်တာ) ဆိုရင်တော့ ကျောက်ကပ်ထိခိုက်တဲ့အချိန်မှာ သွေးသန့်စင်လိုက်ရင် ပြန်ကောင်းနိုင်ခြေရှိပါတယ်။ ယာယီထိခိုက်ခြင်းလား၊ နာတာရှည်ထိခိုက်ခြင်းလားဆိုတာပေါ် မူတည်ပြီး ကျောက်ကပ်ပြန်ကောင်းနိုင်ခြေ ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top