Healthy Life Ad
Q & A

ခရစ်ယာတနင်းများနေလို့ . . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. creatinine 217 mol Male ပါ။ ၁၁၃တောင် များနေပါသည်။ ဘာဆေးသောက်သင့်ပါသလဲ။
Hercules Htoo(FB)

A. ခရစ်ယာတနင်း ၂၁၇ ရှိနေတာက အကြမ်းအားဖြင့် ကျောက်ကပ်ထိခိုက် ပျက်စီးမှုရှိနေတယ်လို့ ပြောလို့ရပါတယ်။ ကျောက်ကပ်ထိခိုက်ပျက်စီးမှုမှာ လတ်တလောဖြစ်တာနဲ့ နာတာရှည်ဖြစ်တာဆိုပြီး ခွဲခြားထားပါတယ်။ အရေးကြီးတာက ခရစ်ယာတနင်းတက်တာထက်စာရင် ခရစ်ယာတနင်းတက်အောင် အားပေးတဲ့ အချက်တွေကို ရှာဖို့လိုပါတယ်။ ကိုယ့်မှာ အခြေခံရောဂါ တစ်ခုခုရှိသလား၊ ဥပမာ-နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စတဲ့ ရောဂါတစ်ခုခုရှိသလားဆိုတာ စမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။ အဲဒီလို အခြေခံရောဂါ တစ်ခုခုရှိရင် ကျောက်ကပ်ထိခိုက်တာ ဖြစ်တတ်ပါတယ်။ ငယ်ငယ်တုန်းက မြွေပွေးအကိုက်ခံရဖူးသလား၊ ကလေးဘဝတုန်းက ကျောက်ကပ်ရောင်ရောဂါနဲ့ ဆေးရုံတက်ခဲ့ရဖူးသလားဆိုတာ ကြည့်ရပါမယ်။

ဒါမျိုးရောဂါရာဇဝင်ရှိရင် ကျောက်ကပ်ရောင်ရောဂါရှိနေတာကို ကိုယ်မသိဘဲနဲ့ အခုလို ခရစ်ယာတနင်းတက်တဲ့ အချိန်ကျမှ ကျောက်ကပ်ထိခိုက်မှန်း သိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခရစ်ယာတနင်း တက်နေတယ်ဆိုရင် ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ ဘာကြောင့်ဖြစ်ရသလဲဆိုတာ ရှာဖွေစစ်ဆေးသင့်ပါတယ်။ ဘယ်ဆေးသောက်ရမလဲဆိုတာကိုတော့ ကျောက်ကပ်ထိခိုက်စေတဲ့ အကြောင်းရင်းကို အခြေခံပြီး ဆေးကုသမှုပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက အကိုက်အခဲပျောက်ဆေးတွေကို စွဲစွဲမြဲမြဲ သောက်တတ်တဲ့သူတွေကလည်း ကျောက်ကပ်ထိခိုက်တတ်တဲ့အတွက် ဒါကိုလည်း ဆင်ခြင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top