Healthy Life Ad
Q & A

မြန်မာလူမျိုးများကို သွေးတိုးစေသည့် အကြောင်းရင်းများနှင့် ဆင်ခြင်စရာများ

Q. မြန်မာလူမျိုးတွေမှာ ဘာကြောင့် သွေးတိုးရတာပါလဲ။ အငန်စားတာများလို့လား ဆရာ။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

A. အငန်စားရင် သွေးတိုးတယ်ဆိုတာ မှန်ပါတယ်။ သတ်မှတ်ချက်အရ လူတစ်ယောက်က ဆား (Salt or Sodium) တစ်နေ့ ခြောက်ဂရမ် (လက်ဖက်ရည်ဇွန်း တစ်ဇွန်း)ပဲ စားသင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သုတေသနတွေအရ ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့ ဆားကိုးဂရမ်စားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆားလျှော့စားဖို့ လိုပါတယ်။ ပြီးတော့ မြန်မာလူမျိုးတွေ နေ့စဉ်စားလေ့ရှိတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တို့ကိုလည်း လျှော့စားဖို့လိုသလို အုန်းနို့ကိုလည်း လျှော့စားဖို့ လိုပါတယ်။

သွေးတိုးဖြစ်စေတဲ့ တခြားအကြောင်းတွေကတော့ စိတ်ဖိစီးမှုများတာ၊ ဆေးတွေအနေနဲ့ စတီးရွိုက်ဟော်မုန်းဆေးတွေ သောက်တာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာပြောလိုတာက ဆေးဆိုင်တွေက အဆစ်အမျက်ကိုက်တာ သက်သာအောင် ပေးတဲ့စပ်ဆေးတွေထဲမှာ Dexamethasone ဆိုတဲ့ စတီးရွိုက်တွေပါပါတယ်။ ဒီဆေးတွေကို ကြာကြာသောက်ရင် ဆီးချို၊ အရိုးပါး၊ သွေးတိုးစတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

တိုင်းရင်းဆေး အကိုက်အခဲပျောက်ဆေးတွေ၊ နွယ်ချိုပါတဲ့ လျက်ဆားတွေကလည်း မကြာခဏသောက်ရင် သွေးတိုးကို ဖြစ်စေသလို NSAIDs အကိုက်အခဲပျောက်ဆေးတွေ များများသောက်တာကလည်း ခန္ဓာကိုယ်ထဲမှာ ဆားနဲ့ရေကို စွဲပြီးထိန်းထားတာကို ဖြစ်စေတဲ့အတွက် သွေးတိုးစေနိုင်ပါတယ်။ အမျိုးသမီးတွေသောက်တဲ့ ပဋိသန္ဓေတားဆေးတွေကလည်း ကြာလာရင်သွေးတိုးစေနိုင်ပါတယ်။

နောက်တစ်ချက်က သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတွင်းအဆီများတာ၊ လေဖြတ်တာ၊ ကင်ဆာဖြစ်တာနဲ့ အဝလွန်တာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိပြီး ဒီရောဂါတွေကို ကူးစက်ခြင်းကြောင့် မဟုတ်သောရောဂါများ(NCD)လို့ ခေါ်ပါတယ်။ ဒါတွေက ၂၁ ရာစုမှာ အဖြစ်များနေပါတယ်။ ဒီရောဂါတွေဖြစ်စေတဲ့ အဓိကအကြောင်းရင်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှု ပုံစံကြောင့်ပါ။ အဆီအအိမ့်၊ အချို၊ အငန်ပါတဲ့ အစားအသောက် အစားများတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးငုံတာ၊ အရက်ကို အန္တရာယ်ရှိလောက်တဲ့ ပမာဏသောက်တာ၊ စိတ်ဖိစီးမှုများတာ စတဲ့အချက်တွေကြောင့် ဖြစ်တတ်တဲ့အတွက် ဒီရောဂါတွေမဖြစ်အောင် ဒီအချက်တွေကိုရှောင်ဖို့၊ တစ်နေ့နာရီဝက်နဲ့ တစ်ပတ်ငါးရက် လေ့ကျင့်ခန်းလုပ်ဖို့၊ ဟင်းသီးဟင်းရွက်များများ စားပေးဖို့လိုပါတယ်။

Q. သွေးတိုးရောဂါရှိနေပြီဆိုရင် သွေးတိုးထိန်းနိုင်အောင် ဘယ်လိုဆင်ခြင်နေထိုင်သင့်ပါသလဲ ဆရာ။

A. သွေးတိုးရှိနေပြီဆိုရင်လည်း ရောဂါကိုထိန်းနိုင်အောင် အငန်လျှော့စားရပါမယ်။ အဆီအအိမ့်ကို လျှော့စားရပါမယ်။ အုန်းနို့ကို လျှော့စားရပါမယ်။ ဟင်းသီးဟင်းရွက်တွေကို များများစားပေးရပါမယ်။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးသင့်ပါတယ်။ သွေးပေါင်မှန်မှန်ချိန်ပေးရပါမယ်။

Q. သွေးတိုးရှိသူတွေက သွေးကျဆေးကို အမြဲသောက်သင့်ပါသလား ဆရာ။

A. သွေးတိုးကျဆေးကို အမြဲသောက်သင့်သလားဆိုရင် အမြဲသွေးတိုးရင်တော့ အမြဲသောက်သင့်ပါတယ်။ ဒီလို သိဖို့ကလည်း သွေးပေါင်ချိန်ကြည့်လို့ တစ်ပတ်မှာ ငါးရက်သွေးတိုးနေတယ်ဆိုရင် သွေးတိုးကျဆေး အမြဲသောက်သင့်ပါပြီ။ နောက်တစ်ချက်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံနဲ့ ထိန်းပါ။ သွေးတိုးမှ သွေးတိုးကျဆေးသောက်တာက မထိရောက်ပါဘူး။ သွေးတိုးကျဆေးကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း အမြဲပုံမှန်သောက်ပေးတာက နောက်ဆက်တွဲ ရောဂါလက္ခဏာတွေဖြစ်တဲ့ လေဖြတ်

“သွေးတိုးရောဂါရဲ့ ၁၀ဝ မှာ ၉၅ ရာခိုင်နှုန်းလောက်က Primary Hypertension ဖြစ်တဲ့အတွက် မျိုးရိုးလိုက်လို့ဖြစ်ရတာပါ။ မျိုးရိုးမှာ သွေးတိုးရောဂါရှိရင် အသက် ၄၀ ကျော်လာတာနဲ့ သွေးပေါင်မှန်မှန်ချိန်ပေးသင့်ပါတယ်။ နှလုံးရောဂါဆိုရင်တော့ လေးဖက်နာကြောင့်ဖြစ်တဲ့ နှလုံးအဆို့ရှင်ကျဉ်းတာ/ကျယ်တာ၊ မွေးရာပါနှလုံးရောဂါ စတာတွေက မျိုးရိုးမလိုက်ပါဘူး။ ဒါပေမဲ့” . . .

တာ၊ နှလုံးသွေးကြောပိတ်တာ၊ ကျောက်ကပ်ရောဂါတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သွေးတိုးကို ထိန်းဖို့အတွက် လူနာရဲ့တာဝန်က ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်စားပေးဖို့နဲ့ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဆရာဝန်ရဲ့တာဝန်က လိုအပ်တဲ့ ဆေးဝါးတွေကိုပေးဖို့ ဖြစ်ပါတယ်။ ဒါဆိုရင် သွေးတိုးကြောင့် နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။

Q. သွေးတိုးနဲ့ပတ်သက်ပြီး ထပ်မံသိသင့်တဲ့အရာတွေရှိရင် ပြောပြပေးပါဦး ဆရာ။

A. သွေးတိုးတယ်ဆိုတာ သွေးပေါင်က ၁၄၀/၉၀ mmHg နဲ့အထက်ရှိမှ သွေးတိုးတယ်လို့ ဆိုနိုင်တာပါ။ အဲဒီမှာတောင် ဆေးရုံ၊ဆေးခန်းမှာချိန်တဲ့သွေးပေါင်နဲ့ အိမ်မှာချိန်တဲ့သွေးပေါင်က မတူပါဘူး။ ဆေးရုံ၊ ဆေးခန်းတွေမှာချိန်လို့ ၁၄၀/ ၉၀ mmHg ကျော်ရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အိမ်မှာချိန်လို့ ၁၃၅/၈၅ mmHg ကျော်ရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အနည်းဆုံး သုံးခါချိန်ကြည့်လို့ တကယ်တက်မှ သွေးတိုးတယ်လို့ သတ်မှတ်တာပါ။ သွေးပေါင်ကျတယ်ဆိုတာကလည်း ယေဘုယျအားဖြင့် ၉၀/ ၆၀ mmHg အောက်လျော့ရင် သွေးပေါင်ကျတယ်လို့ သတ်မှတ်ပါတယ်။ အဲဒီကြားကိုတော့ ပုံမှန်လို့ သတ်မှတ်ပါတယ်။ သွေးတိုးတာက အကြောင်းရင်းနှစ်ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် သွေးပေါင်တက်နိုင်ပါတယ်။ စိတ်ဖိစီးမှုကျသွားရင် သွေးပေါင်ပြန်ကျသွားတတ်ပါတယ်။ အငန်စားလို့လည်း သွေးတိုးနိုင်ပါတယ်။

ပုံမှန် အားကစားလုပ်တယ်ဆိုရင် သွေးတိုးက ကျတောင်ကျနေပါလိမ့်မယ်။ သွေးတိုးရှိရင် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မလုပ်သင့်ဘူးဆိုတာ မှန်ပါတယ်။ အလေးမတာ၊ ၃၀မိနစ်ကျော်ကြာတဲ့အထိ ပြေးတာတွေကို မလုပ်ရပါဘူး။ သွေးတိုးရောဂါရှိတဲ့သူက လေ့ကျင့်ခန်းမလုပ်ခင် သွေးပေါင်ချိန်ကြည့်လို့ ၁၄၀/၉၀ mmHg ကျော်နေရင် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်သင့်ပါဘူး။ သွေးပေါင်က ပုံမှန်ရှိရင်တော့ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ ရေကူးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ခပ်သွက်သွက်ပြေးတာတွေကိုတော့ တစ်နေ့မှာ နာရီဝက်လောက် လုပ်ပေးနိုင်ပါတယ်။

သွေးတိုးရှိနေသူတစ်ယောက်က အငန်လျှော့စားရပါမယ်။ အဆီအအိမ့်ကို လျှော့စားရပါမယ်။ အုန်းနို့ကို လျှော့စားရပါမယ်။ ဟင်းသီးဟင်းရွက်တွေကို များများစားပေးရပါမယ်။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးသင့်ပါတယ်။ သွေးပေါင် မှန်မှန်ချိန်ပေးရပါမယ်။

သွေးတိုးရောဂါရဲ့ ၁၀ဝ မှာ ၉၅ ရာခိုင်နှုန်းလောက်က Primary Hypertension ဖြစ်တဲ့အတွက် မျိုးရိုးလိုက်လို့ ဖြစ်ရတာပါ။ မျိုးရိုးမှာ သွေးတိုးရောဂါရှိရင် အသက် ၄၀ကျော်လာတာနဲ့ သွေးပေါင်မှန်မှန်ချိန်ပေးသင့်ပါတယ်။ နှလုံးရောဂါဆိုရင်တော့ လေးဖက်နာကြောင့်ဖြစ်တဲ့ နှလုံးအဆို့ရှင်ကျဉ်းတာ/ကျယ်တာ၊ မွေးရာပါနှလုံးရောဂါ စတာတွေက မျိုးရိုးမလိုက်ပါဘူး။ ဒါပေမဲ့ နှလုံးသွေးကြောကျဉ်းတာဆိုရင်တော့ မျိုးရိုးလိုက်တတ်ပါတယ်။ အမေ အသက် ၅၅၊ အဖေ အသက် ၆၅မှာ နှလုံးသွေးကြောကျဉ်းရောဂါရှိသလားလို့ မေးရပါတယ်။ ရှိရင် သားသမီးမှာ ရောဂါဖြစ်နိုင်ခြေ များပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top