Healthy Life Ad
Q & A

မိခင်နို့တစ်မျိုးတည်းတိုက်ခြင်း၏ ကောင်းကျိုးများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)ဖြေကြားသည်။

မေး- ကလေးမွေးပြီး မိခင်နို့တစ်မျိုးတည်း တိုက်တာကြောင့် ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေနိုင်ပါသလဲ။

ဖြေ- ကလေးမွေးပြီးတဲ့အခါ ကလေးတွေကို ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ရပါမယ်။ အမေ နို့ရဲ့ပရိုတင်းမှာ Whey ပရိုတင်းဆိုပြီး ပါပါတယ်။ ပရိုတင်းက နှစ်မျိုးရှိပါတယ်။ Whey ပရိုတင်းနဲ့ Ca-sein ပရိုတင်းပါ။ အမေနို့ကထွက်တဲ့ Whey ပရိုတင်းမှာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကလေးကို လွယ်လွယ်ကူကူ အိပ်မောကျစေတဲ့ အစွမ်းတွေ ပါဝင်ပါတယ်။ မိခင်နို့ တစ်မျိုးတည်း တိုက်လို့ ရရှိမယ့်အကျိုးတွေကို သေချာ ပြောရရင်-

-မိခင်ကိုယ်တိုင် ရင်သားနဲ့ သားဥအိမ်ကင်ဆာဖြစ်တာမှ ကာကွယ်ပေးပါတယ်။

– ဆီးချိုဖြစ်နှုန်းလျော့စေပြီး နှလုံးရောဂါ ဖြစ်ပွားတာကိုလည်း ကာကွယ်ပေးပါသေးတယ်။

-ကလေးက ကိုယ်ခံစွမ်းအားကောင်းမွန်မှုကို မိခင်ဆီက အပြည့်အဝရမှာဖြစ်တာကြောင့် ရောဂါဖြစ်တာမှလည်း ကင်းဝေးမှာဖြစ်ပါတယ်။

-ကလေးရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်၊ အသက်ရှူလမ်းကြောင်းတလျှောက်မှာ ဓာတ်မတည့်မှုတွေ ဘယ်တော့မှ မဖြစ်တော့ပါဘူး။

-ကိုယ်ဝန်ဆောင်တဲ့အခါမိခင်တွေက ကိုယ် အလေးချိန် အနည်းနဲ့အများတော့ တက်ပါတယ်။ ဒါပေမဲ့ ကလေးကို နို့ချို တိုက်ကျွေးလိုက်တဲ့အခါ မိခင်ရဲ့ ခန္ဓာကိုယ်အဆီ (Body Fat) တွေလည်း ကျစေတာကြောင့် ကိုယ်အလေးချိန်အများကြီး မတက်တော့ပါဘူး။ အဲဒီတော့ ကိုယ်အလေးချိန်တက်နေတဲ့ မိခင်တွေ ပိန်ချင်ရင် တော့ ကလေးကို နို့တိုက်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top