Healthy Life Ad
Health Tips

ယနေ့ထက်ပိုပြီးကျန်းမာလာစေမည့်အလွယ်နည်း ခြောက်မျိုး

ကျန်းမာရေးကောင်းဖို့ပြင်းထန်တဲ့ နည်းလမ်းတွေကို လိုက်နာစရာမလိုဘဲ ကျန်းမာရေးပိုမိုကောင်းမွန်လာစေဖို့ လိုက်နာသင့်တဲ့ အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။
(၁) တစ်နာရီထိုင်ပြီးတိုင်း ငါးမိနစ်လမ်းလျှောက်ပါ
အချိန်တစ်နာရီကြာထိုင်ပြီးတိုင်း ခြေသလုံးသွေးလွှတ်ကြောတွေရဲ့ ကျယ်ပြန့်နိုင်စွမ်းက ၅၀ရာခိုင်နှုန်း လျော့ကျမှုရှိတယ်လို့ အင်ဒီယားနားAတက္ကသိုလ်လေ့လာသူတွေက လတ်တလော တွေ့ရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်တာကြောင့် နှလုံးသွေးကြော ပြဿနာဖြစ်နိုင်ခြေ မြင့်တက်နိုင်ပါတယ်။ တစ်နာရီကြာတိုင်း ငါးမိနစ်လမ်းလျှောက်လေ့ရှိသူတွေက သွေးကြောလုပ်ငန်း ဆောင်တာ ပြောင်းလဲမှုမရှိပါဘူး။
(၂) အိပ်ရာကို စနစ်တကျသိမ်းပါ
အိပ်ရာကို စနစ်တကျသိမ်းလေ့ရှိသူတွေက မနက်ခင်းမှာ စောင်တွေလုံးထွေးပြီး ထားခဲ့သူတွေထက် ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ရေးဝစေပါတယ်။
(၃) အနှောင့်အယှက်ကင်းကင်း စာဖတ်ပါ
အနည်းဆုံး နာရီဝက်လောက် စာအုပ်ကောင်းတစ်အုပ်ကို ငြိမ်ငြိမ်သက်သက် ဖတ်လေ့ရှိရင် စိတ်ဖိစီးမှု လျော့ပါးပြီး ပိုမိုကြည်လင်အေးချမ်းတဲ့ အတွေးတွေ ထွက်လာစေပါတယ်။ အဲဒီအချိန်မှာ ဖေ့စ်ဘွခ်ပိတ်ထားသင့်ပါတယ်။
(၄) စားပွဲကိုပိုးသတ်အဝတ်ဖြင့်သုတ်ပါ
အရစ်ဇိုးနားတက္ကသိုလ် လေ့လာသူတွေက လုပ်ငန်းခွင် မျက်နှာပြင်ရှိ ဗိုင်းရပ်စ်နမူနာတွေကို ဂွမ်းစနဲ့သုတ်ယူကြည့်ခဲ့တဲ့အခါ လူအထိအတွေများတဲ့ အဆောက်အဦမျက်နှာပြင်တွေမှာ ပိုးမွှားကပ်ညိနိုင်ခြေ ၄၀-၆၀ ရာခိုင်နှုန်း ပိုများတယ်လို့ တွေ့ရှိ ခဲ့ရပါတယ်။ စားပွဲ၊ ကီးဘုတ်နဲ့ ဖုန်းကို ပိုးသတ်အဝတ်နဲ့သုတ်ကာ ကိုယ့်လုပ်ငန်းခွင်ကို သန့်ရှင်းအောင် ထားသင့်ပါတယ်။ ဒီလိုလုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့နိုင်ခြေကို ၉၉ရာခိုင်နှုန်းနဲ့အထက် လျော့ ကျစေနိုင်ပါတယ်။
(၅) တီဗီကြည့်ချိန်ကို လျှော့ချပါ
အသက်ကြီးလာလေလေ၊ တီဗီကြည့်နှုန်း ပိုများလေလေဖြစ်တတ်ပါတယ်။ လတ်တလောလေ့လာမှုစစ်တမ်းတစ်ခုအရ အသက်၃၀-၄၀ အရွယ်မှာ ပျမ်းမျှအားဖြင့် တစ်နေ့မှာ တီဗီကြည့်ချိန် ငါးနာရီနီးပါးရှိပြီး အသက် ၅၀-၆၀ အရွယ်မှာ တစ်နေ့ တီဗီကြည့်ချိန် ခြောက်နာရီရှိကာ အသက်၆၅နှစ်နဲ့ အထက်ဆိုရင် တီဗီကြည့်ချိန် ခုနစ်နာရီရှိတယ်လို့ သိရပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ တီဗီကြည့်ရင်း အထိုင်များလွန်းတာကြောင့် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါတို့နဲ့ ဆက်စပ်မှုရှိတယ်လို့သိရပါတယ်။
(၆) ချစ်ခင်သော ဆရာဝန်ရွေးချယ်ပါ
ကိုယ်ချစ်ခင်တဲ့ ဆရာဝန်နဲ့ဆေးကုသမှု ခံယူရတဲ့အခါ လူနာတွေဟာ သွေးဖိအား၊ ကိုယ်အလေးချိန်၊ နာကျင်မှုကို ထိန်းချုပ်နိုင်စွမ်း စတာတွေမှာ သိသိသာသာ တိုးတက်မှုရှိတယ်လို့ ဟားဗတ်ဆေးကျောင်းသိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရသိရပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top