Healthy Life Ad
Health Tips

သင့်နှုတ်ခမ်းက ပြောပြနေသည့် သင့်ကျန်းမာရေး

ဇွန်

သင့်နှုတ်ခမ်းတွေကို အနီးကပ်စစ်ဆေးကြည့်လိုက်ရင် သင်ဘာတွေကို ကောင်းကောင်းစားတယ်၊ ဘာဓာတ်တွေမှီဝဲဖို့ လိုတယ်ဆိုတာ သိရှိနိုင်ပါတယ်။

– သင့်နှုတ်ခမ်းက အနီရောင်ရင့်နေလျှင်

ဆံချည်မျှင်သွေးကြောများ ကျယ်ပြန့်နေသော လက္ခဏာပါ။ တိရစ္ဆာန်ထွက်အစာတွေကိုရှောင်ပါ။ ဆားများတဲ့အစာတွေနဲ့ အဆင်သင့်အစာတွေကို သတိထားပါ။

– သင့်နှုတ်ခမ်းက ဖြူဖျော့နေလျှင်

သွေးလှည့်ပတ်မှု မကောင်းသောလက္ခဏာပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ သကြားမှီဝဲမှုကို လျှော့ချပါ။ ဓာတ်မတည့်မှုမဖြစ်အောင် ဆင်ခြင်ပါ။

– သင့်နှုတ်ခမ်းက အဝါရောင်သမ်းနေလျှင်

သည်းခြေရည်အထွက်များစေပြီး အသည်းအလွန်အမင်းအလုပ်လုပ်သော လက္ခဏာပါ။ ဆီကြော်စာ အပါအဝင် အဆီလျှော့စားပါ။ ဥအမျိုးမျိုးကို လျှော့စားပါ။

– သင့်နှုတ်ခမ်းက မည်းနေလျှင်၊ အညိုရောင်သမ်းနေလျှင်

အူလမ်းကြောင်းနှင့် အစာအိမ်တွင် အဆီအက်စစ်နှင့် ဆားစုပုံနေသော လက္ခဏာပါ။ ပြည့်ဝဆီတွေကို ဖြတ်လိုက်ပါ။ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ မှိုကိုစားပါ။

– သင့် အပေါ်နှုတ်ခမ်းရောင်နေလျှင်

သင့်အစာအိမ်ကောင်းကောင်း အလုပ်မလုပ်သော လက္ခဏာပါ။ အစာတစ်မျိုးတည်းကို အများကြီးမစားပါနဲ့။ အစာကို မျှမျှတတစားပေးပါ။

– သင့်အောက်နှုတ်ခမ်း ရောင်နေလျှင်

အူမကြီး အားနည်းနေသော လက္ခဏာပါ။ အမျှင်ဓာတ်များများစားပါ။ အချိုစာ၊ ဂျုံဖြူ၊ အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ဖြတ်ထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top