Healthy Life Ad
Q & A

ကျောက်ကပ်စစ်ဆေးချင်တယ် . . .

မေး. ကျောက်ကပ်ပျက်၊ မပျက်ကိုစစ်ဆေးချင်တယ်။ဘယ်လိုစစ်ရသလဲခင်ဗျာ။ ဘာတွေကို စစ်ရတာလဲ ခင်ဗျာ။
Myint Aung (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကျောက်ကပ်ထိခိုက်မှုကို သိချင်ရင် နံပါတ်တစ် ဆီးစစ်ရပါတယ်။ ဆီးထဲမှာပါဝင်တဲ့ အသားဓာတ်နဲ့ တခြားပါတဲ့ဓာတ်တွေကို ကြည့်ပါတယ်။ ပြီးရင် သွေးထဲမှာပါတဲ့ ခရီယာတနင်းဓာတ်နဲ့ ယူရစ်အက်စစ်တွေကိုကြည့်ပါတယ်။ အဲဒီအဖြေတွေကို ကြည့်ခြင်းအားဖြင့် ကျောက်ကပ်ထိခိုက်မှု ရှိ၊ မရှိကို အကြမ်းဖျင်းပြောလို့ရပါတယ်။ ဆရာဝန်တွေကတော့ ဒီအဖြေတွေတင်မက ကျောက်ကပ်ထိစေနိုင်တဲ့ ရောဂါတွေကိုလည်း သွေးစစ်ဆေးပြီးရှာပါတယ်။ အကြမ်းအားဖြင့်ပြောရရင် သွေးတွင်း အချိုဓာတ်၊ အဆီဓာတ်တွေ စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ကျောက်ကပ် ထိ၊ မထိ ပြောနိုင်တာက ဆီးစစ်ဆေးမှုနဲ့ သွေးစစ်ဆေးမှုတွေကို အဖြေရှာပြီး ပြောနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top