Healthy Life Ad
Life Style

နှောင့်ယှက်ထိပါးသူရှိလာတဲ့အခါ အမျိုးသမီးတို့ ဦးတည်တိုက်ခိုက်ရမယ့် ကိုယ်အင်္ဂါများ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ကတော့ အရင်ရန်မစပါနဲ့။ အထူးသဖြင့် အမျိုးသမီးတွေအဖို့ ကိုယ့်ကို နှောင့်ယှက်လာရင် အနိုင်ရဖို့ ဦးတည်တိုက်ခိုက်သင့်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

မျက်စိ

မျက်စိက တစ်သျှူးပျော့ဖြစ်ပြီး အရိုး ဒါမှမဟုတ် ကြွက်သားနဲ့ အုပ်ကာမထားပါဘူး။ မျက်လုံးကို ထိုးလိုက်ရင် ချက်ချင်းဘာမှမမြင်ရသလို ဖြစ်သွားတာကြောင့် အဲဒီအချိန်မှာ ထွက်ပြေးလွတ်မြောက်နိုင်ပါတယ်။

နှာခေါင်း ၊ မေးရိုး

နှာခေါင်းကလည်း ထိခိုက်လွယ်ပြီး ကျိုးလွယ်ပါတယ်။ နှာခေါင်းကို ထိုးကြိတ်လိုက်ရင် နှာရည် ၊ သွေးစီးကျပြီး ပြာသွားတတ်ပါတယ်။ မေးရိုးကို အားနဲ့ ထိုးလိုက်ရင်လည်း သတိလစ်သလိုဖြစ်သွားတတ်ပါတယ်။ ဒီအချိန်တွေမှာ ထွက်ပြေးလွတ်မြောက်နိုင်ပါတယ်။

လည်ချောင်း

လည်ချောင်းနေရာကို ထိုးကြိတ်လိုက်ရင်လည်း တစ်ဖက်လူ လဲကျနာကျင်သွားတတ်ပါတယ်။ အဲဒီအချိန်မှာ ထွက်ပြေးလွတ်မြောက်နိုင်ပါတယ်။

ရင်ညွှန့်ရိုးအောက်က နာ့ဗ်ကြော

ရင်ညွှန့်ရိုးအောက်က နာ့ဗ်ကြောတွေကိုထိုးကြိတ်တာကြောင့် တစ်ဖက်သား အသက်ရှူရခက်ခဲသွားပြီး ခဏတာမလှုပ်ရှားနိုင်ဖြစ်သွားတတ်ပါတယ်။ အဲဒီအချိန်မှာ ထွက်ပြေးလွတ်မြောက်နိုင်ပါတယ်။

ကျောက်ကပ်

ကျောက်ကပ်နေရာကို အားနဲ့အင်နဲ့ ထိုးကြိတ်လိုက်ရင်လည်း မလှုပ်ရှားနိုင်တော့ပါဘူး။ အဲဒီအချိန်မှာ ထွက်ပြေးလွတ်မြောက်နိုင်ပါတယ်။

ပေါင်ခြံ

ပေါင်ခြံနေရာကို ထိုးကြိတ်လိုက်ရင် အပြင်းအထန်နာကျင်ပြီး ဝမ်းဗိုက်အောက်ပိုင်းကြွက်သားတွေကျုံသွားကာ တစ်ဖက်သား ရပ်တည်နိုင်စွမ်းမရှိတော့ပါဘူး။ အဲဒီအချိန်မှာ ထွက်ပြေးလွတ်မြောက်နိုင်ပါတယ်။

ဒူး

ဒူးနေရာကို ထိုးကြိတ်လိုက်ရင်လည်း တစ်ဖက်သား မြေပြင်ပေါ် မှောက်လျက်လဲကျသွားနိုင်ပါတယ်။ အဲဒီအချိန်မှာ ထွက်ပြေး လွတ်မြောက်နိုင်ပါတယ်။

မှတ်ချက်

ဒီဦးတည်တိုက်ခိုက်ရမယ့်နေရာတွေက လက်နက်မပါဘဲ လက်သီးနဲ့ထိုးကြိတ်တဲ့အခါ သုံးဖို့ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top