Healthy Life Ad
Life Style

အမျိုးသမီးများ ဆွဲဆောင်မှုရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေရန်

———၊ လရိပ်မေ ၊———

အထူးတလည် ပြင်ဆင်စရာမလိုဘဲ အမြဲဆွဲဆောင်မှုရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတချို ့ရဲ ့ လျှို ့ဝှက်ချက်တွေကို ရေးသားလိုက်ရပါတယ်။

အသိဉာဏ်ရှိအောင် ကြိုးစားပါ

စာဖတ်ပါ၊ စစ်မှန်တဲ့ အနုပညာကို လေ့လာလိုက်စားပါ၊ ဗဟုသုတရှာမှီးပါ၊ အသိဉာဏ်ရှိအောင် ဖြည့်တင်းနေထိုင်တာကြောင့် စကားပြောရာမှာ ပညာရှိဆန်ဆန် ပြောဆိုတတ်ပါလိမ့်မယ်။ အလုပ်လုပ်ရာမှာ မှန်မှန်ကန်ကန် တွေးခေါ်မြော်မြင်နိုင်ပါလိမ့်မယ်။ ဒီလို တွေးခေါ်မြော်မြင်တတ်တဲ့ အသိဉာဏ်ရှိတာကြောင့် အများအလယ်မှာ ပိုမိုဆွဲဆောင်မှု ရှိနေပါလိမ့်မယ်။

သင့်တော်ကောင်းမွန်သော ဘရာစီယာကို ဝတ်ဆင်ပါ

အမျိုးသမီးအများစုက အတွင်းခံအဝတ်အစားကို အလေးမထားတာကြောင့် မှားယွင်းတဲ့ဘရာစီယာကို ဝတ်ဆင်နေကြပါတယ်။ အတွင်းခံဘရာစီယာက သင့်ကိုယ်လုံးကိုယ်ထည်ကို စမတ်ကျတင့်တယ်နေအောင် ပံ့ပိုးပေးနိုင်တာကြောင့် ဘရာစီယာကို အမျိုးအစားကောင်းတာဝယ်ဖို့ လက်မတွန့်သင့်ပါဘူး။ ဒါမှ အပေါ်အင်္ကျီဝတ်ဆင်ရာမှာ အဆင်ပြေပြေ ကြည့်ကောင်းနေမှာပါ။

လူကြားထဲ စွမ်းရည်ပြရန် မတွန့်ဆုတ်သင့်ပါ

အလုပ်အကိုင်နဲ့ဆိုင်တဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆုံတွေ့တဲ့ပွဲတွေ စတာတွေမှာ ကခုန်ဖို့၊ သီချင်းဆိုဖို့ ဝန်မလေးပါနဲ့။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ သက်သောင့်သက်သာ ရောနှောပျော်ရွှင်တာက သင်ရဲ့ပင်ကိုအရည်အသွေးနဲ့ အလှအပကို ပိုမိုထင်ရှားသွားစေတဲ့ အချက်ဖြစ်လို့ပါ။

မျက်လုံးချင်းဆုံပြီး စကားပြောပါ

တခြားလူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ မျက်လုံးချင်ဆုံပြီး စကားပြောတာကြောင့် ရင်းနှီးခင်မင်မှု ပိုမိုရရှိစေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ စွမ်းအားကိုလည်း ပိုတိုးစေပါတယ်။

Most Popular

Healthy Life Ad
To Top