Healthy Life Ad
Health Tips

အကျိုးပြုဘက်တီးရီးယားပါသည့် အစာများ


– ဒိန်ချဉ်

အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်မှာ ပရိုတင်း၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေလည်း အပြည့်အဝ ပါဝင်နေပါတယ်။


– ကီဖာ

အခုတလော ခေတ်စားနေတဲ့ ကီဖာ (Kefir)မှာ အကျိုးပြုဘက်တီးရီးယား ပါဝင်မှုများပါတယ်။


– အုန်းကီဖာ

အုန်းရည်နဲ့လုပ်တဲ့ ကီဖာကို အရသာမကြိုက်ရင် သံပရာရည်နဲ့ ရေထပ်ပေါင်းထည့်ပြီး သောက်ပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။


– ဂေါ်ဖီချဉ်

ဂေါ်ဖီချဉ်မှာ အကျိုးပြုဘက်တီးရီးယားအပြင် ဗီတာမင် အေ၊ ဘီ၊ စီနဲ့ ကေတို့ပါဝင်တာကြောင့် ဓာတ်မတည့်တဲ့ ဝေဒနာတွေကိုပါ သက်သာစေပါတယ်။


– အညိုရောင် ချောကလက်

အညိုရောင်ချောကလက်မှာ အကျိုးပြုဘက်တီးရီးယားပါတဲ့အတွက် အူမကြီးကို ကျန်းမာစေပါတယ်။


– ရေညှိ

ရေညှိမှာလည်း အကျိုးပြုဘက်တီးရီးယားပါဝင်ပါတယ်။ ဥပမာ စပီရူလိုင်းနား ရေညှိ။


– မီဆိုစွပ်ပြုတ်

ဂျပန်ဆိုင်တွေမှာ အတွေ့ရများတဲ့ မီဆိုစွပ်ပြုတ်က ကင်ဆာကို ဟန့်တားပေးပါတယ်။


– ကင်မ်ချီ

ကိုရီးယားတွေ အရံဟင်းအဖြစ်စားတဲ့ ကင်မ်ချီမှာ ဗီတာမင်ဘီ၊ ဗီတာမင်စီတို့အပြင် သံဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်တို့လို သတ္တုဓာတ်တွေ ပါဝင်မှုများပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top