Healthy Life Ad
Health Tips

မျက်ကွင်းညိုခြင်း သက်သာစေရန်

၊ လရိပ်မေ ၊

မျက်ကွင်းညိုတာကို သင့်အနေနဲ့ အလွယ်တကူထိန်းချုပ်နိုင်ပါတယ်။

သင်က ညဘက်မှာညဉ့်နက်တဲ့အထိအပြင်မှာလည်တတ်သူလား၊ ဒါမှမဟုတ် အလုပ်ကနေ နောက်ကျမှ ပြန်လာရသူလား။ ဒီလိုဖြစ်နေရင်တတ်နိုင်သမျှ အိမ်ကို စောစောပြန်ရောက်အောင်ကြိုးစားပြီး ရောက်တာနဲ့ အိပ်ရာဝင်သင့်ပါတယ်။

သင်က နေရောင်ခြည်အောက်မှာ အလုပ်လုပ်ရသူဖြစ်နေရင် နေရောင်ခြည်နဲ့ထိတွေ့မှုကြောင့် အသားအရေ (အထူးသဖြင့်မျက်ဝန်းတစ်ဝိုက်အရေပြား)ကနေရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှုများပြီး ညိုမည်းစေပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာစားတာနဲ့မရှိမဖြစ် အာဟာရဓာတ်တွေချို့တဲ့တာကလည်း မျက်ဝန်းအောက်က အရေပြားကို အရောင်ပြောင်းတာမျိုးဖြစ်စေနိုင်ပါတယ်။

မျက်ကွင်းညိုစေတဲ့ တချို့အချက်တွေကိုတော့ သင့်အနေနဲ့ ထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။ သင်ရဲ့ဆွေမျိုး သားချင်းတွေ၊ မိဘတွေကမျက်ကွင်းညိုပြီး မျက်ဝန်းအောက်က အရေပြားပါးနေရင် ဒါမှမဟုတ် ယားယံတာလိုဓာတ်မတည့်မှု ဖြစ်တတ်တဲ့အခြေအနေရှိရင် သင့်မှာလည်းမျက်ကွင်းညိုနိုင်ခြေရှိပါတယ်။

နောက်တစ်ချက်အနေနဲ့ အသက်အရွယ်ကြီးတာကလည်း မျက်ကွင်းညိုနိုင်ခြေကိုများစေပါတယ်။ အသက်ကြီးလာလေလေ၊ မျက်ဝန်းအောက်က အရေပြားက ခြောက်သွေ့လာပြီး အရေးကြောင်းထင်လွယ်လာလေလေပါပဲ။

မျက်ကွင်းညိုခြင်းမဖြစ်စေရန် ကာကွယ်နည်းများ

(၁) တစ်နေ့မှာ အိပ်ချိန်ခုနစ်နာရီ၊ ရှစ်နာရီလောက် အချိန်ပေးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူပါ။ ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေ ကောင်းမွန်မျှတနေစေဖို့ အချိန်မှန်မှန်အိပ်ရာဝင်သင့်ပါတယ်။

(၂) အာလူးအစိမ်း ဒါမှမဟုတ် ပန်းသီးအစိမ်းကို ပါးပါးလှီးပြီး တစ်ရက်ခြားတစ်ကြိမ် အချိန် ၁၅ မိနစ်ခန့် မျက်ဝန်းတစ်ဝိုက်မှာကပ်ပေးပါ။ မျက်ဝန်းကိုအပန်းပြေစေပြီး မျက်စိညောင်းတာကိုသက်သာစေပါတယ်။

(၃) လက်ဖက်အိတ်ခပ်နွေးနွေး ဒါမှမဟုတ် ခပ်အေးအေးကို မျက်ဝန်းအောက်မှာ ၁၀မိနစ်ခန့်ကပ်ပေးပါ။

(၄) အေးနေတဲ့သခွားသီးအရည်ထဲကို ဝါဂွမ်းစနှစ်ပြီး မျက်လုံးပေါ်မှာ အချိန် ၁၅ မိနစ်ခန့်ကပ်ပေးပါ။

(၅) မအိပ်ခင်မှာသံလွင်ဆီ ဒါမှမဟုတ် ဗာဒံစေ့ဆီလိမ်းပြီး မျက်ဝန်းကိုနှိပ်ပေးပါ။

(၆) မျက်ဝန်းတစ်ဝိုက်အရေပြားကို ဗီတာမင်အီးနဲ့ဗီတာမင်ကေပါတဲ့အဆီ လိမ်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top