Healthy Life Ad
Health Tips

ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်ကြောင်း ပြသနေသည့် လူသိမများသော လက္ခဏာ ၁၀ မျိုး

– စူး (ဆေးဝါးတက္ကသိုလ်)

ကျောက်ကပ်ရောဂါအများစုက ဘာလက္ခဏာမှမပြဘဲနဲ့ နာတာရှည်အဆင့်ရောက်မှ သိကြတာ များပါတယ်။ ကျောက်ကပ်နဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေကို နောက်ကျတဲ့အဆင့်မှ သိတာမျိုးမဟုတ်ဘဲ အစာပိုင်းအဆင့်ကတည်းက သိသာထင်ရှားစေဖို့ လူသိမများတဲ့လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေပြားယားယံ ခြောက်သွေ့ခြင်း

ကျောက်ကပ်က အဆက်မပြတ်အလုပ်လုပ်နေတာကြောင့် မကောင်းတဲ့ဓာတ်တွေကို စွန့်ထုတ်တာ၊ ခန္ဓာကိုယ်ရဲ့ သတ္တုဓာတ်တွေကို ဟန်ချက်ညီစေတာ စတဲ့ လုပ်ဆောင်မှုတွေကို လုပ်နေပါတယ်။ အသားအရေခြောက်သွေ့တာ၊ ယားယံတာ၊ ရောင်ခြယ်ပစ္စည်း များများထုတ်တာ၊ အရေပြားနီမြန်းတာနဲ့ အသားဝါတာတွေက ကျောက်ကပ်အလုပ်မလုပ်တာကို ပြသနေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဖော့စ်ဖရပ်စ်အပိုတွေများနေတဲ့အခါ ဒီလိုမနှစ်မြို့ဖွယ်ရာ လက္ခဏာတွေ ပြသတတ်ပါတယ်။

(၂) ဘယ်လိုရာသီဥတုဖြစ်ဖြစ် ချမ်းနေခြင်း

ချမ်းတုန်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အိပ်မပျော်ခြင်းနဲ့ အားနည်းခြင်းတွေက လူအများစုသိပြီးသား သွေးအားနည်းရောဂါ လက္ခဏာတွေပဲဖြစ်ပါတယ်။ ကျောက်ကပ်ပြဿနာတွေဖြစ်ရင် အရက်သရိုပွိုင်တင် ဟော်မုန်းထုတ်လုပ်မှုနှေးစေပါတယ်။ အဲဒီဟော်မုန်းက ရိုးတွင်းခြင်ဆီထဲရှိ သွေးနီဥထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ နာတာရှည် သွေးအားနည်းတာက ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ကျောက်ကပ်ပြဿနာကြောင့် သွေးအာနည်းတတ်ပါတယ်။

(၃) ခံတွင်းနံ့မကောင်းခြင်း

ခံတွင်းနံ့မကောင်းတာက မတူညီတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ဒီအကြောင်းရင်းတွေထဲမှာ ဆီးလမ်းကြောင်းပိုးဝင်တာလည်း တစ်ခုပါဝင်ပါတယ်။ လူတစ်ယောက်က ကျောက်ကပ်ပြဿနာရှိတဲ့အခါ ဇီဝရုပ်ဖြစ်ပျက်မှုကထွက်တဲ့ ပစ္စည်းတွေက အစာအိမ်အူလမ်းကြောင်းထဲရောက်ပြီး ခံတွင်းထဲမှာ သတ္တုအရသာဖြစ်စေသလို အမိုးနီးယားနံ့ထွက်စေပါတယ်။

(၄) ရောင်ရမ်းခြင်း

ဆဲလ်တွေကြားထဲမှာ ရေအပိုရှိတာကြောင့် ရောင်ရမ်းတတ်ပါတယ်။ အစပိုင်းမှာ ခြေထောက်၊ မျက်နှာနဲ့ မျက်ခွံတွေရောင်ရမ်းပြီး နောက်ပိုင်းမှာ တစ်ကိုယ်လုံးပြန့်နှံ့လာပါတယ်။ ရောင်ရမ်းတာက မြန်ဆန်တဲ့အခါ အရေပြားခြောက်သွေ့တာနဲ့ မျက်နှာဖျော့တော့တာတို့ ဖြစ်တတ်ပါတယ်။ ရောင်နေတဲ့နေရာလေးကို ဖိလိုက်တဲ့အခါ စက္ကန့်ပိုင်းအတွင်း ပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ တခြားလက္ခဏာတွေကတော့ အိပ်ရေးပျက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ အရိုးနဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာတို့လို ဝေဒနာတွေပဲ ဖြစ်ပါတယ်။

(၅) နှလုံးခုန်မြန်ခြင်း

ပိုတက်ဆီယမ်ပမာဏအပိုတွေက ကျောက်ကပ်ကနေ ကိုယ်တွင်းစနစ်အပြင်ကို မစွန့်ထုတ်နိုင်တာကြောင့် နှလုံးသွေးကြောစနစ်အပေါ် မကောင်းတဲ့သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ နှလုံးခုန်နှုန်းအဟန့်အတားဖြစ်ပြီး နှလုံးခုန်နှုန်းမြန်တတ်ပါတယ်။

(၆) အဖျားကြီးခြင်းနှင့် ခါးနာခြင်း

အဖျားကြီးတာ၊ မကြာခဏ ဆီးသွားတာနဲ့ တစ်ခါတလေအန်တာ စတာတွေနဲ့တွဲပြီး ရုတ်တရက် ခါးကိုက်တဲ့ဝေဒနာဖြစ်ရင် ဒါက ကျောက်ကပ်ပြဿနာရှိနေကြောင်း ပြသတဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းတိုတဲ့အတွက် အမျိုးသမီးတွေက ဆီးလမ်းကြောင်း ပိုးဝင်တာပိုဖြစ်လွယ်ပါတယ်။ ဒီလိုလက္ခဏာတွေ မကြာခဏဖြစ်နေရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။ အကိုက်အခဲပျောက်ဆေး၊ ပဋိဇီဝပိုးသတ်ဆေးတွေပေးပါလိမ့်မယ်။

(၇) ကြွက်တက်ခြင်း

နာတာရှည်ကြွက်တက်တဲ့ ဝေဒနာဖြစ်ရင် ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားတွေ ဟန်ချက်မညီတာ ဖြစ်နိုင်ပါတယ်။ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်က ကြွက်သားလုပ်ငန်းဆောင်တာအတွက် အထူးအရေးပါပြီး ပုံမှန်အခြေအနေနဲ့ သွေဖည်တဲ့အခါ ကြွက်တက်စေနိုင်ပါတယ်။ ကျောက်ကပ်ရောင်ရမ်းတဲ့အခါ ကြွက်သားတွေမှာ နာကျင်တဲ့ခံစားချက် ဖြစ်တတ်ပါတယ်။

(၈) သွေးတိုးခြင်း

သွေးတိုးတာက ကျောက်ကပ်အပေါ် ဆိုးရွားတဲ့သက်ရောက်မှုဖြစ်ပြီး သွေးကြောတွေကို ထိခိုက်စေကာ ကျောက်ကပ်ဝေဒနာ ရတတ်ပါတယ်။ သွေးစီးဆင်းမှု ပြင်းလွန်းတဲ့အခါ သွေးကြောတွေဆွဲဆန့်ပြီး အားနည်းရာက ကျောက်ကပ်ကနေ အဆိပ်အတောက်စွန့်ထုတ်ဖို့ ခက်ခဲလာပါတယ်။ သွေးတိုးတာက ကျောက်ကပ်ရောဂါရဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

(၉) ရုတ်တရက် နာကျင်ခြင်း

ရုတ်တရက်နာကျင်တာက စိတ်ဖိစီးမှုများတာ၊ နာတာရှည် မောပန်းနွမ်းနယ်တာနဲ့ မျိုးရိုးလိုက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ နှလုံးခုန်နှုန်းမြန်တာ၊ ချွေးထွက်များတာနဲ့ သွေးဖိအားရုတ်တရက် အပြောင်းအလဲဖြစ်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ရုတ်တရက်နာကျင်မှုဖြစ်တတ်ပါတယ်။ နှလုံးခုန်နှုန်းမြန်တာ၊ ချွေးထွက်များတာနဲ့ သွေးဖိအား ရုတ်တရက်အပြောင်းအလဲဖြစ်တာတွေလို လက္ခဏာတွေ မကြာခဏခံစားရရင် အဒရီနယ်ဂလင်းမှာ အကျိတ်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့တွေ့ပြီး ကြိုတင်စစ်ဆေးမှုခံယူသင့်ပါတယ်။

(၁၀) အရေပြားနီမြန်းခြင်း

ကျောက်ကပ်ရောဂါဝေဒနာတွေက ကိုယ်တွင်းစနစ်ထဲ အရည်အပိုတွေရှိတာကို ပြသနေပါတယ်။ အရည်အပိုများများရှိရင် ကျောက်ကပ်က ကိုယ်တွင်းစနစ်ကနေ အဆိပ်အတောက်တွေ မစွန့်ထုတ်နိုင်တာကြောင့် အရေပြားနီမြန်းမှုဖြစ်တတ်ပါတယ်။

ဒီလိုလက္ခဏာတွေပြနေရင် ဘယ်လိုစစ်ဆေးမလဲ

ဒီလက္ခဏာတွေကလည်း ပြနေတယ်၊ အောက်မှာဖော်ပြထားတဲ့ အခြေအနေတစ်ရပ်ရပ်လည်း ခံစားနေရတယ်ဆိုရင် ကျောက်ကပ်ကျန်းမာရေး စစ်ဆေးသင့်နေပါပြီ။

– သင့်မှာ ဆီးချိုရောဂါရှိနေရင်

– သင့်မှာ သွေးတိုးရောဂါရှိနေရင်

– သင့်မှာ နှလုံးရောဂါရှိနေရင်

– သင့်မျိုးရိုးမှာ ကျောက်ကပ်ဝေဒနာရှိနေရင်

– ဆေးလိပ်သောက်ရင် ဒါမှမဟုတ် ကိုယ်အလေးချိန်အပိုရှိနေရင်

– အသက် ၆၀ ကျော်ရင်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top