Healthy Life Ad
Q & A

၀နေရင် ပိန်အောင်လုပ်ခြင်းက အရေးကြီးဆုံး ဆေးကုခြင်း

မေး ။ အိမ်ထောင်သက် ၄နှစ်ရှိပါပြီ။ အသက် ၃၁ နှစ် ပါ။ သားသမီး မရသေးပါ။ ရာသီမမှန်ပါ။ အာထရာဆောင်းရိုက်ကြည့်တာ အရွယ်မကြီးတဲ့ သားဥတွေ များနေလို့လို့ ပြောပါတယ်ဆရာ။ အဲဒါ ဘယ်လိုနေထိုင်သင့်ပါသလဲရှင့်။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ သားဥလေးတွေ ရေအိတ်သေးသေးလေးလို များနေတာကို “PCOS” Poly Cystic Ovarian Syndrome လို့ခေါ်တယ်။ ဟော်မုန်းမမှန်တော့ ရာသီမမှန်ဘူး။ ဝဖြိုးတတ်တယ်။ ဝက်ခြံတွေပေါက်တတ်တယ်။ အဆင်မသင့်ရင်မျက်နှာမှာ အမွေးလေးတွေထွက်တတ်တယ်။ဥပမာ-နှုတ်ခမ်းမွေး။ သားဥ မကြွေလို့ ကလေးရဖို့ခက်တယ်။ အရေးအကြီးဆုံးက ဝနေရင် ပိန်အောင်လုပ်ဖို့။ ဝလေ ရောဂါပိုဆိုးလေ။ အသက်ကြီးလာရင် ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောပိတ်တာတွေဖြစ်တတ်တယ်။ ဒါကြောင့် အစား လျှော့စား။ လေ့ကျင့်ခန်းလုပ်။ ဘဝနေထိုင်မှု ဟန်ပန်ကိုပြောင်းဖို့အရေးကြီးတယ်။ အိုဂျီနဲ့ သေချာပြပြီး ဆေးကုဖို့လိုမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top