Healthy Life Ad
Q & A

ဒေါင်းလေးမွေးမှာ စိုးမိတယ် . . .

မေး. သမီးက အသက်က ၃၅နှစ်မှာ အိမ်ထောင် ကျပါ တယ်ဆရာ။ အိမ်ထောင်သက် ၆လ ရှိပါပြီ။ ဒါ့အပြင် ခါးကြောညပ်တဲ့ရောဂါလည်းရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ရပါတယ်။ ပုံမှန်ထက် အသက်ပိုကြီးတာရယ်၊ သားဥပြွန်ဖြတ်ထားတာရယ်၊ ခါးလေ့ကျင့်ခန်းတွေရယ်ကြောင့် သားသမီးယူဖို့ကို စိတ်ပူမိပါတယ် ဆရာ။ အိမ်ထောင်ကျပေမယ့် ဘယ်ကိုယ်ဝန်တားဆေး/ထိုးဆေးမှ မသုံးပါဘူးဆရာ။ အမျိုးသားနဲ့အတူ ဆရာ့စာအုပ်တွေဖတ်ပြီး အနေအထိုင် ဆင်ခြင်ကြပါတယ်။ အထူးသဖြင့် Down’s Syndrome လို သားသမီးရမှာကို အရမ်းစိတ်ပူမိလို့ပါ ဆရာ။ အဲဒီအတွက် ဘယ်လို ကြိုတင်ပြင်ဆင် ကာကွယ်လို့ရပါလဲ သိချင်လို့ပါဆရာ။
HHW(FB)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. “Down” ကလေးတွေအကြောင်း “ခွဲမွေးရမယ့်ရက် ဗေဒင်မေးလို့တွက်” စာအုပ်ထဲက အပျိုကြီး မဟဝှာမှာ ဖတ်ကြည့်ပါ။ အသက်ကြီးလေ ပိုရတတ်လေမို့ ကလေးယူမယ်ဆိုရင် စောစောယူတာ ပိုကောင်းတယ်။ ကာကွယ်နည်း မရှိဘူး။ ကိုယ်ဝန်ကာလမှာ စောစောသိအောင် စစ်ကြည့်ပြီး သိရင် ဖျက်ချပစ်လို့ရတယ်။ ကလေးယူဖို့ သင့်/မသင့် အရိုးအကြောအထူးကုဆရာဝန်နဲ့ပြပြီး သေချာမေးကြည့်။ ယူလို့ရတယ်ဆို မြန်မြန်ယူပါ။ အချိန်မဆွဲပါနဲ့။ ယူလို့မရဘူးဆို ထိရောက်တဲ့ သားဆက်ခြားနည်းသုံးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top