Healthy Life Ad
International

ဒေါင်းရောဂါကလေးငယ် သူငယ်ချင်းနှစ်ဦး ပျော်ရွှင်နေပုံကြည့်ပြီး လူတိုင်း စိတ်ချမ်းသာ

၊ ကိုထက် ၊

အေမီဟာ ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး လီနာကတော့ အိမ်ရှင်မတစ်ယောက်ပါ။ သူတို့နှစ်ယောက်ဟာ တက္ကသိုလ်ကျောင်းတစ်ခုကို အတူတူတက်ခဲ့ကြပေမယ့် အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးရဲ့ လသားအရွယ်သားနဲ့ သမီးတွေဟာ မွေးရာပါ ဒေါင်းရောဂါဝေဒနာတွေပါလာတာကို သိပြီးနောက် အဖြစ်အပျက်ချင်း ဖလှယ်ဖို့တွေ့ဆုံခဲ့ကြပါတယ်။

ဒီလိုနဲ့ အေမီနဲ့ လီနာတို့ဟာ တစ်ပတ်ကို နှစ်ရက်လောက်တွေ့ဆုံခဲ့ကြပြီးနောက် အေမီရဲ့သားလေး ကတ်တလာနဲ့ လီနာရဲ့သမီးလေး ကလယ်ရာတို့ဟာလဲ သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ “ကလေးနှစ်ယောက် စစချင်းတွေ့ခဲ့ကြတဲ့ ကော်ဖီဆိုင်လေးမှာတင် တစ်ယောက်နဲ့တစ်ယောက် အရင်ထဲကခင်တဲ့ သူငယ်ချင်းတွေလိုပါပဲ၊ အချင်းချင်းပြုံးပြရယ်ပြနဲ့ လုပ်နေကြတာ”လို့ အေမီက ပြောပြခဲ့ပါတယ်။

သူတို့နှစ်ယောက်က အတူတူ ရုပ်ရှင်ကြည့်ရတာ၊ ကြိုးလေးတွေနဲ့တော့ရတာတွေကို တော်တော်သဘောကျနေတာကိုတွေ့ရပြီး တခုခု စိတ်အနှောင့်အယှက်ဖြစ်ပြီး တစ်ယောက်စိတ်ဆိုးရင် နောက်တစ်ယောက်ကလိုက်စိတ်ဆိုးတယ်၊ တစ်ယောက်ငိုရင် နောက်တစ်ယောက်က လိုက်ငိုတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

“ကိုယ်ဝန်ရှိချိန်ထဲက ကလေးက ဒေါင်းရော ဂါစုရှိတယ်ဆိုတာကိုသိလိုက်ရပါတယ်၊ ကလေးမွေးလာပြီး အကြံဉာဏ်တွေတောင်းဖို့ အကူအညီတွေရယူဖို့ အားကိုးလိုက်ရှာနေချိန်မှာပဲ အေမီက ဆက်သွယ်လာခဲ့တာပါ၊ အေမီနဲ့ ပြန်ဆုံရတာဟာ ကျွန်မအတွက် အားတက်ရုံသာမကပါဘူး၊ ကလယ်ရာအတွက်ပါ မိတ်ဆွေရလာတဲ့အတွက် အရမ်းဝမ်းသာမိတယ်”လို့ လီနာက ပြောပြခဲ့ပါတယ်။ မိခင်နှစ်ယောက်ဟာ ဒေါင်းရောဂါစုဆိုင်ရာ ကျန်းမာရေးလှုပ်ရှားမှုတွေကို အတူတူပါဝင်ခဲ့ကြပါတယ်။

ကလယ်ရာလေးဟာ ကျန်းမာရေးချို့ယွင်းချက်တွေ ပိုများပြီး ၃ လသားအရွယ်မှာ နှလုံးခွဲစိတ်မှု ခံယူထားရပါတယ်။ အစာအာဟာရတွေကို ပိုက်ကတစ်ဆင့်ထည့်ပေးရပါတယ်။ အာရုံကြောဆိုင်ရာ ချို့ယွင်းချက်လည်းရှိပြီး ဝမ်းသွားရခက်ခဲနေတဲ့ အနေအထားလည်း ဖြစ်နေတယ်လို့ သိရပါတယ်။ ကလယ်ရာက ဆေးရုံကို အမြဲလိုလိုသွားလာနေရပြီး ကုသမှုတွေခံနေရပေမယ့် ကတ်တလာရဲ့ဗီဒီယိုလေးတွေကိုကြည့်နေရရင် ပျော်ရွှင်ပြီး လန်းလန်းဆန်းဆန်းရှိနေတတ်တယ်လို့ သိရပါတယ်။

“သူတို့နှစ်ယောက်တွေ့တဲ့အချိန်ဆို ကြည့်ရတာ စိတ်ချမ်းသာပါတယ်၊ တစ်ယောက်ကိုတစ်ယောက်တွဲခေါ်ပြီး ရုပ်ရှင်ကြည့်တာ၊ ဆော့တာတွေလုပ်ကြပြီး ကျေနပ်နေတဲ့ပုံတွေမြင်ရတာ ပျော်နေတာလေးတွေ မြင်နေရာတာ စိတ်ချမ်းသာပါတယ်”လို့ အေမီကလည်း ပြောပြခဲ့ပါတယ်။

အေမီနဲ့ လီနာတို့ဟာ သူတို့သားနဲ့ သမီးပုံလေးတွေကို အင်တာနက်ဝက်ဘ်ဆိုက်လေးတစ်ခု ပြုလုပ်ကာတင်ထားပြီး တခြားဒေါင်းရောဂါကလေးငယ်တွေရဲ့ မိဘတွေကိုအကြံဉာဏ်အကူအညီတွေ ပေးနေပါတယ်။ တခြားကလေးမိဘတွေကလည်း ကတ်တလာနဲ့ ကလယ်ရာတို့ကို သူတို့ကလေးတွေနဲ့ တွေ့ဆုံပေးချင်လို့ ဆက်သွယ်ကြတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top