Healthy Life Ad
Health Tips

နှလုံးရောဂါ အမောဖောက်ပြီးနောက် စားသင့်သည့် အာဟာရ

၊ လရိပ်မေ ၊

နှလုံးရောဂါအမောဖောက်ခြင်း (Heart attack) လို့ခေါ်တဲ့ ဒီရောဂါဟာ နှလုံးကြွက်သားတွေအနေနဲ့ သွေးနဲ့အာဟာရ လုံလောက်စွာမရတော့ဘဲ ပျက်စီးလာတာကြောင့် ဖြစ်တဲ့ရောဂါ ဖြစ်ပါတယ်။ နှလုံးရောဂါထတာက မျှော်လင့်မထားဘဲ ရုတ်တရက်သေဆုံးမှု အဖြစ်စေနိုင်ဆုံး ရောဂါဖြစ်တာကြောင့် နှလုံးရောဂါတစ်ကြိမ် အမောဖောက်ဖူးသူတွေအနေနဲ့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

(၁) သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

နှလုံးရောဂါ တစ်ကြိမ်အမောဖောက်ပြီးတဲ့အခါမှာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောဓာတ်တွေ လျော့ကျစေဖို့ရည်ရွယ်ပြီး အစားအသောက်တွေကို စားသင့်ပါတယ်။ အကောင်းဆုံးစားသင့်တဲ့ အာဟာရတွေကတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေပဲဖြစ်ပါတယ်။ ဒီအစားအစာတွေဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။ ဒီအပင်ထွက်အာဟာရမှာပါတဲ့ အမျှင်ဓာတ်ဟာလည်း နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) ကြက်သွန်နီ

ကြက်သွန်နီမှာ အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တာကြောင့် နှလုံးကို ကျန်းမာရေးနဲ့ ညီညွတ်မှုရှိစေပါတယ်။

(၃) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ နှလုံးအတွက် ကောင်းမွန်တဲ့အစားအစာပါ။ ကြက်သွန်ဖြူက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်ပမာဏကို လျော့ကျစေပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။

(၄) အဆီနည်းသော အစားအသောက်

အဆီများတဲ့ အစားအသောက်တွေအစား အဆီနည်း ဒိန်ချဉ်၊ ဒိန်ခဲနဲ့ ဟင်းသီးဟင်းရွက်ဆီ စတာတွေကိုသာစားပါ။

(၅) မရှိမဖြစ် ဖက်တီးအက်စစ်

နှလုံးရောဂါအမောဖောက်ပြီးနောက် စားသင့်တဲ့ အစားအသောက်တွေထဲမှာ ငါး၊ အစေ့အဆန်နဲ့အခွံမာသီးစတဲ့ မရှိမဖြစ်ဖက်တီးအက်စစ်တွေ လိုအပ်နေပါတယ်။

အကြံပြုချက်

နှလုံးရောဂါအမောဖောက်တာမျိုး မဖြစ်အောင်နဲ့ နှလုံးရောဂါအမောဖောက်ပြီးသူတွေအနေနဲ့ နောက်တစ်ကြိမ် ပြန်မဖြစ်အောင် ဆေးလိပ်နဲ့အရက်ကို လုံးဝရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို အသင့်အတင့်လုပ်ပေးပြီး စိတ်ဖိစီးမှုကို လျှော့ချနေထိုင်ပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top