၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)
အစာအိမ်ရေမျို အောက်ပိုင်းကြွက်သားအားနည်းလို့ အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်လျှံတက်လာတာကို အစာအိမ်အချဉ်ပြန်တယ် ဒါမှမဟုတ် စားချဉ့်ပြန်တယ်လို့ ခေါ်ပါတယ်။
ဒီလိုဖြစ်တဲ့အခါ ရင်ပူတာ၊ လေချဉ်တက်တာ၊ ခံတွင်းချဉ်တာ စတဲ့ မသက်မသာဝေဒနာတွေ ခံစားရတတ်ပါတယ်။ အဝလွန်တာ၊ ကိုယ်ဝန်ရှိတာ၊ အဝတ်အစား ခပ်ကျပ်ကျပ်ဝတ်တာ၊ အစာကို တစ်ကြိမ်တည်းနဲ့ များများစားတာ၊ မကြာခဏ ခါးကုန်းနေတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ကွမ်းစားတာ၊ ဆေးငုံတာ၊ မတည့်တဲ့ ဆေးနဲ့ အစာတွေ စားမိတာ စတဲ့ အကြောင်းတွေကြောင့်လည်း အစာအိမ်အချဉ်ပြန်တဲ့ဝေဒနာကို ပိုဆိုးစေပါတယ်။
ဒီလိုမျိုး အစာအိမ်အချဉ်ပြန်တဲ့ ရင်ပူနာကို မကြာခဏ ခံစားနေရရင် အောက်ပါတို့ကို လိုက်နာပေးသင့်ပါတယ်။
– ပူစပ်လွန်းတဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်။
– အဆီအအိမ့်စာတွေ၊ ဆီကြော်စာတွေကို ရှောင်ရပါမယ်။
– ဆေးလိပ်နဲ့အရက်ကို ရှောင်ရပါမယ်။
– အမြှုပ်ထအချိုရည်တွေ ရှောင်ရပါမယ်။
– လက်ဖက်၊ လက်ဖက်ရည်၊ ကော်ဖီနဲ့ ကဖင်းပါတဲ့ အရည်တွေကို ရှောင်ရပါမယ်။
– ဟင်းခတ်အမွှေးအကြိုင်ကဲလွန်းတဲ့ အစားအသောက်တွေကို ဆင်ခြင်ရပါမယ်။
– အဝလွန်နေရင်၊ ကိုယ်အလေးချိန်များနေရင် လျှော့ချရပါမယ်။
– အဝတ်အစားကို တင်းတင်းကျပ်ကျပ်မဝတ်ပါနဲ့။
– အလေးအပင်ပစ္စည်းတွေကို မသယ်မရပါဘူး။
– အစာကို တစ်ခါတည်းနဲ့ အများကြီးစားတာကို ဆင်ခြင်ရပါမယ်။
– အထူးသဖြင့် ညအိပ်ခါနီးမှာ အစာများများ မစားသင့်ပါဘူး။
– အစာစားပြီးတာနဲ့ ချက်ချင်းလှဲလျောင်းတာ၊ အိပ်တာမျိုးရှောင်ရပါမယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)