Healthy Life Ad
International

အယ်လ်ဇိုင်းမားရောဂါ ရှိ၊ မရှိ သိရှိနိုင်ရန် ကမ္ဘာ့ပထမဆုံး သွေးစစ်ဆေးနည်းကို သိပ္ပံပညာရှင်တို့ ဖန်တီး

၊ ကိုထက် ၊

ဂျပန်လေ့လာသူတွေနဲ့ ပူးပေါင်းပြီး သြစတြေးလျ သိပ္ပံပညာရှင်တွေက အယ်လ်ဇိုင်းမားရောဂါ ရှိ၊ မရှိ လက္ခဏာမပေါ်ခင် နှစ် ၂၀အလိုကတည်းက ကြိုတင်စမ်းသပ် သိရှိနိုင်မယ့် ကမ္ဘာ့ပထမဆုံးတိကျတဲ့ သွေးစစ်ဆေးနည်းကို ဖန်တီးနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ကြော်ငြာလိုက်ပါတယ်။ ၉၀ ရာခိုင်နှုန်းကျော်အထိ တိကျမှုရှိတဲ့ ဒီစစ်ဆေးနည်းက အယ်လ်ဇိုင်းမားရောဂါကို အစောဆုံး ခန့်မှန်းသိရှိနိုင်တဲ့ အမိုင်းလွိုက်ဘီတာပရိုတင်းတစ်မျိုး စုပုံမှု ရှိ၊ မရှိ ဆန်းစစ်အဖြေရှာတာဖြစ်တယ်လို့ ဆင်ဟွာသတင်း အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

လူနာတစ်ဦးမှာ အယ်လ်ဇိုင်းမားရောဂါ ရှိ၊ မရှိ ဆိုတာကို အခုထက်ထိ သိနိုင်တဲ့နည်းက ဈေးကြီးတဲ့နည်းဖြစ်တဲ့ ဦးနှောက်စကင်ဖတ်စစ်ဆေးနည်းနဲ့ ခါးအောက်ပိုင်းအရည်စစ်ဆေးနည်းတို့ပဲ ဖြစ်ပါတယ်။ အခုအခါမှာတော့ မဲလ်ဘုန်းဖလော်ရေးတက္ကသိုလ် သုတေသီတွေဟာ အယ်လ်ဇိုင်းမားရောဂါကို အစောကြီးကတည်းက ကြိုတင်သိရှိနိုင်မယ့် စစ်ဆေးနည်းကို တီထွင်လိုက်တာ ဖြစ်ပါတယ်။

“ဒီစမ်းသပ်နည်းက ရောဂါရှိဖို့အလားအလာ ရှိသူတွေအတွက် ဆေးသစ်စမ်းစပ်မှုကို မြန်ဆန်စေမယ့် အလားအလာရှိပါတယ်”လို့ ဦးနှောက်နှင့် စိတ်ကျန်းမာရေး ပါမောက္ခကောလင်းမာစတာက ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ အသက် ၇၀ကျော် လူဦးရေရဲ့ ၂၀-၄၀ ရာခိုင်နှုန်းဟာ နောင်တစ်ချိန် အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်မယ့် အလားအလာရှိတယ်လို့ ခန့်မှန်းထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top