Healthy Life Ad
Life Style

လောဘနည်းသော စိတ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သက်ရှည်ကျန်းမာပြီး ဘဝအပေါ် ကျေနပ်နေတဲ့ သက်တော်ရှည် အဘိုးတစ်ဦးကိုတွေ့တော့ လူရွယ်တစ်ဦးက မေးတယ်။

“အဘိုး . . ဘဝတစ်လျှောက် ကိုယ့်ကိုယ်ကိုယ် ဘာနဲ့ပတ်သက်ပြီး အကျေနပ်ဆုံးလဲ”

အဘိုးက ပြုံးတယ်။

“ဘယ်အရာမဆို လိုချင်ပြင်းပြစိတ် မများတာပဲ ငါ့မြေး . .လိုချင်ပြင်းပြစိတ်များလေ၊ ပူလောင်ရလေ၊ ပူလောင်မှုများလေ၊ ရောဂါဘယထူပျောလေ၊ ရောဂါဝေဒနာ ထူပျောလေ၊ အသက်တိုလေပဲ”

လူရွယ်က အဘိုးအဖြေကို မကျေနပ်ဟန်နဲ့ တစ်ဆင့်တက်မေးတယ်။

“ဒါဆိုရင် အဘိုးက ငယ်ငယ်ကတည်းက ကြိုးစားအားထုတ်မှုတွေ မလုပ်ဘူးပေါ့ . . အဘိုးက ပျင်းတာနေမှာပါဗျာ”

အဘိုးက ပြုံးပြီးဖြေတယ်။

“အဘိုးဘဝတစ်လျှောက် အလုပ်နဲ့လက် ပြတ်တယ်လို့မရှိခဲ့ဘူး ငါ့မြေး . . ဒါပေမဲ့ ကိုယ့်အတွက်ဆိုတဲ့ လောဘနဲ့လုပ်ခဲ့တာ မဟုတ်ဘူး။ အလုပ်လုပ်သမျှ၊ ကြိုးစားသမျှ၊ အရာထင်သမျှ တစ်ပါးသူကို ပေးဖို့ဆိုတဲ့စိတ်နဲ့ လုပ်ကိုင်ခဲ့တာချည်းပဲ . . ပေးဆပ်တဲ့စိတ်နဲ့ အလုပ်လုပ်ခဲ့တဲ့အတွက် မောလို့မောမှန်း လည်းမသိဘူး၊ ပင်ပန်းတယ်လို့လည်း မထင်ဘူး။ အဲဒီကရတဲ့ ပီတိက ငါ့မြေးသိချင်နေတဲ့ အသက်ရှည်ဆေးပဲကွ . . အဲဒါက လောဘနည်းတဲ့စိတ်ကို အခြေခံတာပဲ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top