Healthy Life Ad
Q & A

ရာသီစက်ဝန်းဆိုသည်မှာ . . .

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)

မေး. ရာသီလာတဲ့ဖြစ်စဉ်ကို သိပါရစေ ဆရာ။

ဖြေ. အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါတွေထဲမှာ သားအိမ်ဆိုတဲ့ အလုံးလေးရှိပါတယ်။ အဲဒီအလုံးလေးက ကြည့်လိုက်ရင် သေးသေးလေးဆိုပေမယ့် အံ့သြစရာကောင်းတာက ကလေးတစ်ယောက် သူ့ထဲမှာ ကြီးထွားနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေနေတဲ့ အိမ်အဖြစ် သားအိမ်လို့ တင်စားခေါ်ဝေါ်တာပါ။ သားအိမ်ရဲ့ဘေးမှာ သားဥအိမ်ရှိပါတယ်။ သားဥအိမ်က တစ်လတစ်လုံး သားဥလေးကို ကြွေကျပေးတယ်။ ဒီသားဥလေးက တကယ်လို့များ သုက်ကောင်လေးနဲ့ တွေ့ထိသွားခဲ့ရင် လူသားတစ်ယောက်ဖြစ်ဖို့ အစပျိုးလာစေတယ်။ သားဥအိမ်ရဲ့ နောက်လုပ်ငန်းတစ်ခုက အမျိုးသမီးတစ်ယောက်အတွက် အလှအပဖွံ့ဖြိုးမှုနဲ့ဆိုင်တဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပါတယ်။ အီစထရိုဂျင်ဆိုတဲ့ မဟော်မုန်းက အပျိုဖော်ဝင်ချိန်ကစပြီး ထွက်လာတဲ့အခါ အသားအရေရဲ့ကောင်းခြင်း၊ ဆံပင်ရဲ့ ကောင်းခြင်း အစရှိတဲ့ အမျိုးသမီးတစ်ယောက်အတွက် ကောင်းခြင်းငါးဖြာကို ပိုင်ဆိုင်စေပါတယ်။

သားဥတစ်လုံး ကြွေတိုင်းကြွေတိုင်း သားအိမ်အတွင်းမြှေးက ထူထဲလာတယ်။ ဒါက သုက်ကောင်နဲ့တွေ့ထိပြီး သန္ဓေသားလောင်းဖြစ်လာရင် အဲဒီကလေးက သားဥပြွန်ကနေ သားအိမ်ထဲကိုရောက်လာပြီး နေနိုင်ဖို့ ပြင်ဆင်ထားတဲ့ သဘောဖြစ်ပါတယ်။ တကယ်လို့များ သုက်ကောင်နဲ့ မတွေ့ဘူးဆိုရင် . . .

သားဥတစ်လုံး ကြွေတိုင်းကြွေတိုင်း သားအိမ်အတွင်းမြှေးက ထူထဲလာတယ်။ ဒါက သုက်ကောင်နဲ့တွေ့ထိပြီး သန္ဓေသားလောင်းဖြစ်လာရင် အဲဒီကလေးက သားဥပြွန်ကနေ သားအိမ်ထဲကိုရောက်လာပြီး နေနိုင်ဖို့ ပြင်ဆင်ထားတဲ့သဘောဖြစ်ပါတယ်။ တကယ်လို့များ သုက်ကောင်နဲ့ မတွေ့ဘူးဆိုရင် သားဥလေးက သေဆုံးသွားပြီး ပြင်ဆင်ထားတဲ့ ထူထဲနေတဲ့ သားအိမ်အတွင်းမြှေးတွေ ကြွေကျသွားပါတယ်။ အဲဒါကို ရာသီလာတယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

မေး. ရာသီလာတာကို သွေးပုပ်ဆင်းတယ်၊ ခေါင်းလျှော်လို့မရဘူးစတဲ့ အယူအဆ အမှားတွေရှိနေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါ ဆရာ။

ဖြေ. မိန်းကလေးတစ်ယောက် ရာသီလာပြီဆိုရင် မိခင်လောင်းတစ်ယောက် ဖြစ်ပေါ်လာပြီ၊ အပျိုဖြစ်ရင် ပုံမှန်ရာသီလာတတ်တဲ့အတွက် ဓမ္မတာလာတယ်လို့ ခေါ်ကြတာဖြစ်ပါတယ်။ ရာသီလာတဲ့ကိစ္စက သွေးပုပ်တွေ ဆင်းတယ်လို့ထင်ကြတယ်။ မသန့်ဘူး၊ ခေါင်းမလျှော်ရဘူး စတဲ့အယူအဆတွေရှိကြလို့ အမျိုးသမီးအများစုက ကိုယ်လုပ်စရာရှိတဲ့ ကိစ္စတွေကို မလုပ်နိုင်လောက်အောင် စိတ်ဓာတ်ကျနေတတ်ကြတယ်။ တကယ်တော့ ဒီအယူအဆတွေက လုံးဝမှားယွင်းပါတယ်။ ရာသီလာတယ်ဆိုတာ သွေးပုပ်ဆင်းတာ မဟုတ်ဘူး၊ ရွံစရာလည်း မဟုတ်ပါဘူး။ ဒါကြောင့် ခေါင်းလျှော်၊ ရေချိုး အကုန်လုံးလုပ်လို့ ရပါတယ်။ တစ်ခုပဲ ရာသီက မှန်မှန်မလာဘူး၊ ကိုက်ခဲတယ်၊ ရာသီလာတာ အရမ်းများတယ် . . စသဖြင့် ဝေဒနာတွေဖြစ်ရင်တော့ သတိထားဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top