Healthy Life Ad
Q & A

အင်နာဗွန်စီ ဆက်သောက်သင့်ပါသလား

♦ အယ်ဒီတာ

ယခုရက်ပိုင်းအတွင်း ကျွန်မတို့ Healthy Life Page သို့ ဗီတာမင်စီပါဝင်သော Enervon-C ဆေးအကြောင်း စာဖတ်သူတို့ သိလိုသည့် မေးခွန်းများ ရောက်ရှိလာခဲ့ပါသည်။ သို့ဖြစ်ရာ စာဖတ်သူတို့ သိလိုသည်တို့ကို တိကျစွာ ဖြေကြားပေးနိုူင်ရန်အတွက် Enervon-C Brand Manager ဒေါက်တာသက်သက်နိုင်နှင့် အထူးကုဆရာဝန်တစ်ဦးက စာဖတ်သူတို့၏ မေးမြန်းချက်များကို ဖြေကြားပေးထားပါသည်။
———————

မေးခွန်း(၁) ကျွန်မနဲ့ အမျိုးသားက မနက်တိုင်း အင် နာဗွန်စီကို တစ်လုံးစီ သောက်နေကြပါ။ ဒါပေမဲ့ အခုတလော အွန်လိုင်းမှာ ဗီတာမင်စီပါတာများလို့ မသောက် သင့်ဘူးဆိုတာမျိုး ပြောနေကြတာနဲ့ ကျွန်မတို့ ရပ်လိုက် ရမလား သိချင်ပါတယ်ရှင့်။ ဖြေပေးပါဦးနော်။ Vivian Pink (FB)

မေးခွန်း(၂) ကျွန်မအမေအသက်က ၆၂ နှစ်ပါ။ မေမေ့ကို အင်နာဗွန်စီတိုက်နေတာ နှစ်နှစ်လောက်ရှိပါ ပြီ။ ဗီတာမင်စီများရင် မကောင်းဘူးဆိုလို့ ဆက်မတိုက်ဘဲ ထားရမှာလားသိချင်ပါတယ်။ Mi Soe (FB)

မေးခွန်း (၃) ကျွန်မသားက ၁၀ တန်းမဖြေခင်က တည်းက မနက်တိုင်းလန်းအောင် အင်နာဗွန်စီ တစ်နေ့တလုံး တိုက်နေတာ။ အခု မသောက်သင့်ဘူး ပြောနေတာနဲ့ ကြောက်သွားလို့။ သတင်းတွေကလည်း အမျိုးမျိုးဆိုတော့ မယုံရဲ၊ ယုံရဲ ဖြစ်နေပါတယ်။ ဒါလေးနဲ့ ပတ်သက်ပြီး သေချာ သိချင်လို့ပါ။ Thandar (FB)

——————————————————

နံပါတ်တစ်မေးခွန်းအတွက် အင်နာဗွန်စီအကြောင်း ပြည့်ပြည့်စုံစုံ ပြောပြချင်ပါတယ်။
Enervon-C Tablets ဆေးပြားထဲမှာ ဗီတာ မင်စီ ၅၀ဝ မီလီဂရမ်၊ ဗီတာမင် B1 ၅၀ မီလီဂရမ်၊ ဗီ တာမင် B2 ၂၀ မီလီဂရမ်၊ ဗီတာမင် B6 ၅ မီလီဂရမ်၊ ဗီတာမင် B12 ၅ မီလီဂရမ်၊ နိုင်ယာစင်နမိုက် ၅၀ မီ လီဂရမ်၊ ကယ်လ်ဆီယမ်ပန်တိုသီးနိတ် ၂၀ မီလီဂရမ် တို့ ပါဝင်ပါတယ်။
ပါဝင်ပစ္စည်းတစ်ခုချင်းစီရဲ့ ကောင်းကျိုးလေးတွေကို အရင်ပြောပြချင်ပါတယ်။
ဗီတာမင်စီက စိတ်ကို လန်းဆန်းစေတယ်၊ သွား နဲ့ အရိုး တွယ်ဆက်တစ်သျှူးတွေကို ခိုင်မာစေတယ်၊ သွေးအားကောင်းစေတယ်၊ ကိုယ်ခံစွမ်းအားကို မြင့် တက်စေတယ်။ အင်နာဗွန်စီက Anti-stress ဖော်မြူလာပါ။
လူတွေက စိတ်ပင်ပန်းလာတဲ့အခါ စိတ်မပျော်ဘူး၊ စိတ်ဓာတ်ကျလာတယ် . .အဲဒီအခါ ဆီရိုတို နင်ဓာတ်ထွက်တာနည်းလာတယ်။ ဗီတာမင်စီက ဆီ ရိုတိုနင်ဓာတ် ထွက်တာကို ပံ့ပိုးပေးတဲ့အတွက် စိတ်ကို ပျော်စေတယ်၊ စိတ်ကို လန်းဆန်းစေတယ်၊ စိတ်ကို တက်ကြွစေပါတယ်။
နောက်တစ်ခုက မြန်မာနိုင်ငံမှာ သွေးအားနည်းတဲ့သူများတယ်၊ သံဓာတ်ပါတဲ့ အစားအသောက်တွေ စားကြတဲ့အခါ သံဓာတ်ချည်းပဲ စားရင် ခန္ဓာကိုယ်က အပြည့်အဝမစုပ်ယူနိုင်ဘူး။ ဒါ ကြောင့် ဗီတာမင်စီပါတဲ့ အားဆေး ဒါမှမဟုတ် အစားအစာ စားထားတဲ့အခါ သံဓာတ်ကို စုပ်ယူအား ကောင်းစေတဲ့အတွက် တစ်ဖက်တစ်လမ်းအနေနဲ့ သွေးအားကောင်းစေပါတယ်။
ကျန်တဲ့ ဗီတာမင်ဘီအုပ်စုကကျတော့ ခွန်အား အတွက် အဓိက လိုအပ်ပြီး နေ့တိုင်း စားတဲ့ အစားအသောက်ကနေ တစ်နေ့တာလိုအပ်တဲ့ ခွန်အားအ ဖြစ်ပြောင်းလဲဖို့ ကူညီပေးတယ်။ ဘီအုပ်စုနည်းနေရင် ခန္ဓာကိုယ်ဖြစ်စဉ်က နှောင့်နှေးသွားနိုင်ပါတယ်။
အဲဒီအခါ အားမရှိသလို ခံစားရတာ၊ နုံးချည့်တာ၊ ကြွက်တက်သလို အားနည်းတာတွေ ဖြစ်တတ်ပါ တယ်။ ဒါကြောင့် ဘီအုပ်စုအားဖြည့်ပေးရင် လန်းဆန်းစေတယ်၊ အာရုံကြောအားကောင်းပြီး အာရုံစူး စိုက်မှုကို ပိုကောင်းစေတယ်။ အလုပ်လုပ်သူတွေ၊ ကျောင်းသူကျောင်းသားတွေ စိတ်ဖိစီးမှုသိပ်များတဲ့ အခါ ဗီတာမင်စီနဲ့ ဘီအုပ်စုပေါင်းထားတဲ့ ဆေးက လန်းဆန်းတက်ကြွစေပြီး အာရုံစူးစိုက်မှု ကောင်းစေပါတယ်။

သတိပြုရန်
———-
အင်နာဗွန်စီကို အထူးသဖြင့် ဗီတာမင်ဘီအုပ်စု (ဘားပလက်)နဲ့ မတည့်တဲ့သူတွေဆိုရင် မသောက်သင့်ပါဘူး။ ပြီးတော့ အသည်း၊ ကျောက်ကပ်၊ ကင်ဆာ စတဲ့ ရောဂါတွေ ရှိသူတွေအနေနဲ့ ကုသနေတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ မှီဝဲသင့်ပါတယ်။

အင်နာဗွန်စီနှင့်ပတ်သက်သည့် သုတေသနများ
———————————————-
မြန်မာနိုင်ငံမှာ ဆေးမှီဝဲသူတွေနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ် စားသုံးသူသုတေသန လုပ်ထားပါတယ်။ ပုံမှန်သုံးစွဲနေသူတွေကို တစ်နှစ်မှာ နှစ်ကြိမ် စားသုံးသူစစ်တမ်းများ ကောက်ယူပါတယ်။ ၁၀ နှစ် ကျော်သောက်တဲ့သူ၊ ၅ နှစ်ကျော် သောက်တဲ့သူ စသဖြင့် ရှိပါတယ်။ အဲဒီမှာ ဆိုးကျိုး ဖြစ်တဲ့ သက်ရောက်မှုမျိုး အခုချိန်ထိ မတွေ့ဖူးသေးပါဘူး။

ဒါတွေပြောပြပြီးပြီဆိုတော့ မေးခွန်း နံပါတ် (၂) ကို ဖြေပေးချင်တာက ညီမလေးမေမေက သွေးတိုး၊ ကျောက်ကပ်၊ ဆီးချို စတဲ့ ဘာရောဂါတွေရှိသလဲ၊ ရှိရင်တော့ ကိုယ်ပြနေတဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့ တိုက်ပေးပါ။ ဆီးချို၊ သွေးတိုးသမားလည်း အင်နာဗွန်စီသောက်လို့ရပါတယ်။ ဗီတာမင်စီများရင်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ပြောပြချင်တာက လူတစ်ယောက်ဟာ တစ်နေ့စာအတွက် ဗီတာမင်စီ ၉၀ မီလီ ဂရမ်ကနေ အများဆုံး ၂၀ဝ၀မီလီဂရမ်အထိ စားသုံး နိုင်ပါတယ်။ အင်နာဗွန်စီတစ်လုံးမှာ ဗီတာမင်စီ ၅၀ဝ မီလီဂရမ်ပဲ ပါတာမို့ တစ်နေ့တစ်လုံးသောက်မယ်ဆိုရင် စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။

မေးခွန်း (၃) ကိုဖြေပေးချင်တာက ဆေးလိပ် သောက်သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ၁၀ကျောင်းသား စိတ်ဖိစီးမှုများသူတွေက ဗီတာမင်စီလိုအပ်ပါ တယ်။ ဗီတာမင်စီကော ဘီအုပ်စုကောက ရေပျော် ဗီတာမင်တွေဖြစ်တဲ့အတွက် ပိုသွားခဲ့ရင် ဆီးကနေ တဆင့် စွန့်ပစ်လိုက်ပါတယ်။

အင်နာဗွန်စီ သောက်ရင် ဆီးဝါတာက ပါဝင်တဲ့ ဗီတာမင်ဘီတူး(ရိုင်ဘိုဖလေဘင်)က သဘာဝရောင်ခြယ် စိမ်းဝါရောင်ဖြစ်လို့ ဆီးကနေ စွန့်ပစ်တဲ့အခါ ရေသောက်တဲ့ ပမာဏပေါ် မူတည်ပြီး ရေနည်းနည်း ပဲသောက်ရင် အဝါရော င်ဆီးသွားနိုင်ပါတယ်၊ ရေများ များသောက်ရင် အဝါနုရောင်ဆီးသွားနိုင်ပါတယ်။ ဒါ ကြောင့် ဗီတာမင်စီများများပါတဲ့ အားဆေးတွေ သောက်တဲ့အခါ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

♦ ဒေါက်တာသက်သက်နိုင်
——————————————————————————————————————-

အထူးကုဆရာဝန်ကြီး၏ ပြောကြားချက်
—————————————-
ဗီတာမင်စီဆိုတာ အက်စကောဗစ်အက်စစ် ဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာနည်းရင် မအီမသာ ခံစားရတယ်၊ မလုပ်ချင်မကိုင်ချင်ဖြစ်တယ်။ သွားဖုံးရောင် တတ်တယ်၊ အအေးမိဖြစ်လွယ်တယ်။
ဗီတာမင်စီရရှိအောင် လတ်ဆတ်တဲ့ သစ်သီးဝလံ၊ အသီးအရွက် စားသင့်ပါတယ်။ လိမ္မော်သီး။ သံပရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီး၊ မာလကာသီး၊ ဆီးဖြူသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး စတာတွေမှာ ဗီတာမင်စီပါဝင်မှုများပါတယ်။
ဗီတာမင် စီမှီဝဲရင် အနာကျက်အား ကောင်းတယ်။ နှလုံး၊ သွေးကြောအတွက်လည်း ကောင်းတယ်။ မျက်စိရေတိမ်၊ သည်းခြေအိတ် ရောဂါ၊ သွား အခေါင်းပေါက်တာ၊ ဝမ်းချုပ်တာ၊ ကိုယ်ခံအားနည်း တာ၊ ပန်းနာရောဂါ၊ လေပြွန်ရောင်တာ၊ ဆီးချိုရော ဂါ ကင်ဆာ၊ အဆစ်နာ စတာတွေမှာလည်း ပေး လေ့ရှိတယ်။ အရက်ဖြတ်၊ ဆေးဖြတ်သူတွေ အပြင် အရွယ်တင်နုပျိုစေဖို့၊ အသားအရေစိုပြည်ဖို့နဲ့ ဝက် ခြံသက်သာဖို့ဆိုပြီးလည်း ပေးတယ်။ စိတ်ဓာတ်ကျ နေသူတွေ၊ မှတ်ဉာဏ်အားနည်းသူတွေနဲ့ ဉာဏ်ရည်နည်းတဲ့ ကလေးတွေကိုလည်း ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top