Healthy Life Ad
Q & A

အတူနေပြီး အမျိုးသားအင်္ဂါ စပ်ပြီးနာနေခြင်း

မေး ။ သမီးသိချင်တာလေးမေးချင်လို့ပါဆရာ။ သမီးတို့လက်ထပ်ထားတာသိပ်မကြာသေးပါဘူး။ သမီး အမျိုးသားအင်္ဂါက အတူနေပြီး စပ်ပြီးနာနေတာ နှစ်ပတ်လောက်ရှိနေပါပြီ ဆရာ။ အဲ့ဒါဘာကြောင့် ဖြစ်ရတာလဲသိချင်လို့ပါဆရာ။ နောက်ပြီးဘာတွေ ဖြစ်လာနိုင်ပါသလဲ သိချင်ပါသေးတယ်။
SL (FB)

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ အိမ်ထောင်ကျပြီးကာစ ပွတ်တိုက်မှုများပြီး ပွန်းပဲ့တဲ့ဒဏ်ရာကြောင့် နာကျင်ပြီး စပ်ရတာပါ။ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ နှစ်ချက်ရှိပါတယ်။

(၁) အကြိမ်အရေအတွက်များလို့ပါ၊ အိမ်ထောင်ပြုပြီးခါစ အိမ်ထောင်ဖက်နဲ့ အတူနေတဲ့အကြိမ်အရေအတွက်များတဲ့အခါ ပွန်းပဲ့တာ ဖြစ်တတ်ပါတယ်။

(၂) အိမ်ထောင်ကျကာစမှာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး မကျွမ်းကျင်သေးတဲ့အခါကျတော့ အမျိုးသမီးအင်္ဂါက အချွဲထွက်တဲ့အထိ မစောင့်ဆိုင်းဘဲနဲ့ ဆက်ဆံမှုပြုတာကြောင့် အမျိုးသားအင်္ဂါ ပွန်းပဲ့နာကျင်ပြီးစပ်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုမပြုခင် K Y Jelly လို့ခေါ်တဲ့ ချောဆီကို အမျိုးသမီးအင်္ဂါမှာလိမ်းသင့်ပါတယ်။ ဒါမှ မသက်သာရင် အမျိုးသားအင်္ဂါ ပွန်းပဲ့နာကျင်ပြီးစပ်တဲ့ ဒဏ်ရာကို ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top