Healthy Life Ad
Life Style

လယ်သမားနှင့် မြွေ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အေးမြတဲ့ ဆောင်းနံနက်ခင်းမှာ လယ်သမားတစ်ယောက်က သူ့လယ်ကွင်းထဲဖြတ်ပြီး လမ်းလျှောက်နေပါတယ်။ တစ်နေရာမှာ မြွေတစ်ကောင်က အအေးဒဏ်ကြောင့် အေးခဲပြီး တောင့်တင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒီမြွေသေတော့မယ်ဆိုတာကို လယ်သမားက သိလိုက်တယ်။ ဒါပေမဲ့ သူက မြွေကိုကောက်ယူပြီး ပြန်နွေးသွားအောင် လုပ်ပေးလိုက်တယ်။

မကြာခင် မြွေက အသက်ရှင်လာပြီး အင်အားအလုံအလောက်ရတဲ့အခါမှာ သူ့အပေါ် ကြင်နာခဲ့တဲ့လယ်သမားကို ပေါက်လိုက်ပါတော့တယ်။ မြွေကိုက်ဒဏ်ရာကြောင့် လယ်သမားကလည်း သူမကြာခင် သေရတော့မယ်ဆိုတာ ခံစားမိခဲ့တယ်။ သူရဲ့ နောက်ဆုံး အသက်ရှူခြင်းအကြားမှာ လယ်သမားက ခေါင်းထောင်ပြီး “ဘယ်လောက် သနားစရာကောင်းကောင်း အစွယ်ရှိပြီး ကျေးဇူးကန်းတတ်သူဆိုရင် ဘယ်တော့မှမသနားကြဖို့ ကျွန်တော့်အဖြစ်ကို အတုယူကြပါ”လို့ ပတ်ဝန်းကျင်ကို ပြောသွားခဲ့ပါတယ်။

ဒီစာစုလေးက ပြောချင်တာကတော့ သူတို့အပေါ် ဘယ်လောက်ပဲ ကြင်ကြင်နာနာဆက်ဆံ နွေးထွေးပါစေ၊ သူတို့သဘာဝကို မပြောင်းလဲနိုင်သူတချို့ရှိပါတယ်။ အဲဒီလိုလူတွေကို ကူညီပြီးရင်တောင် သူတို့နဲ့ အမြန်ဆုံး ဝေးတဲ့နေရာမှာနေပါ၊ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းသတိရှိနေပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top