Healthy Life Ad
Life Style

လမ်းခွဲပြတ်စဲချိန်မှာ ချစ်သူကိုမေ့ပစ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဒီနေရာမှာ ဂျပန်ဆိုရိုးတစ်ခုက စိတ်သက်သာရာရအောင် ကူညီနိုင်ပါတယ်။ “ဂျပန်ကစ်ဆူကီ ပန်းကန်လုံးလေးက အလှဆုံးပန်းကန်လေးပါ၊ ဒါပေမဲ့ ဒီပန်းကန်လုံးလေး ကျကွဲသွားခဲ့လို့ ရွှေနဲ့ပြန်လည်ပုံသွင်းလိုက်မယ်ဆိုရင် ပိုပြီး လှပတင့်တယ်နေမှာပါ” ဒီလိုပါပဲ . . လူတစ်ယောက်ဟာ အသည်းကွဲပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်နိုင်တယ်ဆိုရင် အရင်ထက်ပိုပြီးလှပတဲ့ဘဝမှာ ထည်ထည်ဝါဝါ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

– ငိုကြွေးလိုက်ပါ

ချစ်သူနဲ့ ကွဲကွာရတာက နာကျင်ရပြီး စိတ်ဒဏ်ရာရစေတဲ့အတွက် စိတ်ပေါ့ပါးသွားအောင် ငိုကြွေးလိုက်ပါ။ စိတ်ကို တင်းမထားပါနဲ့။

– အဖြေရှာပါ

ဘာကြောင့် လမ်းခွဲသွားရတာလဲ၊ သူက ဘာလုပ်ခဲ့လို့လဲ၊ သင့်မှာ ဘယ်လိုအပြစ်ရှိသလဲ စတာတွေကိုစဉ်းစားပါ။ အဖြေထွက်တဲ့အခါ စိတ်ဓာတ်ကျမှုမရှိဘဲ ကိုယ့်စိတ်ကို ပြန်လည်ပြုပြင်နိုင်မယ့် အဖြေတစ်ခုကို သင်တွေ့ရှိလာမှာပါ။

– နေ့စဉ် အပြုအမူများကို မေ့မပစ်ပါနှင့်

အသည်းကွဲနေလို့ မအိပ်နိုင်၊ မစားနိုင်၊ ရေမချိုးနိုင် ဖြစ်နေပြီလား။ စိတ်ခံစားချက်ကို ဖုံးကွယ်ပြီး နိစ္စဓူဝလုပ်ဆောင်မှုတွေကို အားတင်းပြီးလုပ်ဆောင်ပါ။ တဖြည်းဖြည်းနဲ့ ဘဝမှာ အရေးပါတဲ့ အရာတွေအများကြီးရှိတယ်ဆိုတာ သင်သဘောပေါက်လာပါလိမ့်မယ်။ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ နာကျင်ရပေမယ့် သင့်ဘေးပတ်ဝန်းကျင်က သင့်ကို ချစ်တဲ့သူတွေကို လျစ်လျူရှုမထားလိုက်ပါနဲ့။ သင့်ကို ဂရုစိုက်တဲ့သူတွေကို ပြန်လည်ငဲ့ညှာရင်း သင့်ဘဝကို အသစ်တစ်ဖန် ပြန်လည်တည်ဆောက်လိုက်ပါ။

– အတွေ့အကြုံတစ်ရပ်အဖြစ် ပြုံးလိုက်ပါ

ချစ်သူနဲ့ စတင်တွေ့ဆုံတဲ့ အချိန်ကစပြီး လမ်းခွဲခဲ့တဲ့ကာလအထိ ကြုံဆုံခဲ့ရသမျှကို အတွေ့အကြုံတစ်ခုအဖြစ် မှတ်ယူလိုက်ပါ။ သင့်နှလုံးသားထဲမှာ ဒီအမှတ်တရတွေ ထင်ကျန်နေရင်တောင် ဒါကို သင်ခန်းစာတစ်ခုရတယ်လို့ သဘောထားပြီး ပြုံးလိုက်ပါ။

– ပျင်းစရာကောင်းသောလူဟု ယူဆလိုက်ပါ

နာကျင်ကြေကွဲမှုကြောင့် ကိုယ့်အလှနဲ့ ဘဝကို အထိခိုက်မခံပါနဲ့။ လှလှပပပြင်ဆင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် နေထိုင်ပါ။ သင့်ကို လမ်းခွဲခဲ့တဲ့ချစ်သူကို သင့်အလှအတွက် မတန်တဲ့သူ၊ သင့်ဘဝနဲ့ မထိုက်တန်တဲ့သူလို့ သတ်မှတ်ပြီး ပျင်းစရာကောင်းတယ်လို့ယူဆကာ မေ့ပစ်လိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top