Healthy Life Ad
Health Tips

စက္ကူပြတ်ရှရာဖြစ်ခြင်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

Healthy Life ဂျာနယ်ဖတ်ရင်းဖြစ်စေ၊ စက္ကူယူလိုက်လို့ဖြစ်စေ . . မတော်တဆ စက္ကူစကြောင့် လက်ချောင်းရှပြီး သွေးထွက်သွားရင် သက်သာစေဖို့ အိမ်တွင်းကုထုံးတွေကို မျှဝေလိုက်ပါတယ်။

သဘာဝကုထုံး (၁) ဘုံပိုင်ရေနဲ့ ဆေးပါ

စက္ကူပြတ်ရှရာရှိတဲ့လက်ကို ဘုံပိုင်ရေအောက်မှာ ဆေးပေးပါ။ ကူးစက်ပိုးဝင်မှု အနည်းဆုံးဖြစ်စေပြီး နာကျင်မှုသက်သာသလို သွေးထွက်တာလည်း လျော့ပါးစေပါတယ်။

သဘာဝကုထုံး (၂) အရက်ပျံ သုတ်ပါ

စက္ကူပြတ်ရာမှာ အရက်ပျံသုတ်လိမ်းတာကြောင့် ပိုးဝင်စေတဲ့ဘက်တီးရီးယားကို ကင်းစင်စေပါတယ်။ ပူစပ်ပူလောင်ဝေဒနာလည်း မဖြစ်တော့ပါဘူး။

သဘာဝကုထုံး (၃) ရှားစောင်းလက်ပပ်အနှစ်ကို သုတ်လိမ်းပါ

ရှားစောင်းလက်ပပ်အနှစ်မှာ ပိုးသတ်အစွမ်းနဲ့ အနာကျက်စေတဲ့ အာနိသင်ရှိတာကြောင့် ပြတ်ရှအရေပြားပေါ် လိမ်းပေးပါ။ နာကျင်မှုသက်သာပြီး ပိုးဝင်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

သဘာဝကုထုံး (၄) လက်သည်းနီအကြည် သုတ်ပါ

စက္ကူရှရာပေါ်မှာ လက်သည်းနီအကြည် နည်းနည်းလောက်သုတ်လိုက်ရင် ချက်ချင်းသွေးတိတ်ပြီး အနာကျက်မြန်စေပါတယ်။

သဘာဝကုထုံး (၅) စူပါဂလူး သုတ်ပါ

စက္ကူရှရာကြောင့် သွေးထွက်ပြီးအရေပြား ပြဲသွားရင် စူပါဂလူးပါးပါးလေးသုတ်ကာ အနာကျက်အောင်လုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top