Healthy Life Ad
Health Tips

ကလေးမွေးပြီး အူကျွံခြင်း

မေး. ညီမလေးက ကလေးအမြွှာကို ခွဲမွေးထားပါတယ်။ မွေးပြီး၂ရက်မြောက်နေ့ကစပြီး ဗိုက်ကဖောင်းနေပါတယ်။ ကလေးက ၃လပြည့်ပါပြီ။ အသိဆရာဝန်က ညီမလေးကို အူကျွံနေတာလို့ပြောပါတယ်။ ဗိုက်ပြန်ခွဲရမယ်လို့လည်း ပြောပါတယ်။ အခုပြန်ခွဲဖို့ စီစဉ်နေပါတယ်။ အူကျွံရခြင်းအကြောင်းကို သိချင်ပါတယ်ရှင်။
Nyein Nyein (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကလေးကို ခွဲစိတ်မွေးဖွားပြီးချိန်မှာ အူထဲမှာရှိတဲ့ ဝမ်းခေါင်းအမြှေးပြား၊ ကြွက်သား၊ အပေါ်အရေပြား စတာတွေကို စနစ်တကျချုပ်ရပါတယ်။ ချုပ်ပြီးခါစ အခြေအနေမှာ ဝမ်းခေါင်းထဲ ဖိအားများတဲ့အခြေအနေ (ဥပမာ ဝမ်းချုပ်တာ၊ ချောင်းဆက်တိုက်ဆိုးတာ၊ အလေးအပင်မတာ စတာတွေ)ရှိရင် အူကျွံတတ်ပါတယ်။ အနာကျက်ဖို့ နားနားနေနေ နေရမယ့်အချိန်မှာ မနားဘဲနဲ့ ခွဲပြီးနောက်ပိုင်း တစ်ပတ်အတွင်းမှာ ကလေးချီမယ်၊ ချောင်းဆက်တိုက်ဆိုးမယ်၊ ဝမ်းချုပ်မယ် . . ဒီလိုတွေဖြစ်လာရင် ချုပ်ထားတဲ့အရာတွေက ကောင်းကောင်းအနာကျက်ဖို့ ခဲယဉ်းပါတယ်။ ဆီးချိုရှိရင် အနာက တော်တော်နဲ့မကျက်ဘူး။

အဲဒီအခါ ချုပ်ရိုးပြန်ဆက်ဖို့ အားနည်းရင် လနဲ့ချီကြာလာတဲ့အခါ အားနည်းပျော့လာပြီး အတွင်းကအူတွေ လျော့ရဲပြီးဖောင်းလာတာကို အူကျွံတယ်လို့ ခေါ်ပါတယ်။ အူကျွံတဲ့အခါ အပြင်ကနေ လျော့ရဲသွားတဲ့ အူတွေကို ဖြတ်တောက်ရပါမယ်။ ဖြတ်တောက်တဲ့အခါ ချုပ်ပြီးချိန် တစ်ပတ်-၁၀ရက်လောက်အထိ အလေးအပင်မမရ၊ ချောင်းမဆိုးရ၊ ဝမ်းအချုပ်မခံရစသဖြင့် ဝမ်းခေါင်းဖိအားမကျအောင် လိုက်နာရပါမယ်။ ဒါဆိုရင် အနာကောင်းကောင်းကျက်ပြီး အူကျွံတာမျိုးမဖြစ်နိုင်တော့ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top