Healthy Life Ad
International

မွေးဖွားပြီး အချိန်ပိုင်းအတွင်း မွေးကင်းစ ကလေးငယ်က မိခင်မျက်နှာ ထိတွေ့

၊ ကိုထက် ၊

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က စတက်ဖနီ အင်ဂျလီကိုဟာ သမီးလေးအိုလီဗီရာကို ဗိုက်ခွဲမွေးဖွားခဲ့ပါတယ်။

မွေးဖွားပြီး မကြာခင် သမီးငယ်က မိခင်မျက်နှာကို ထိတွေ့ဖို့လက်လှမ်းခဲ့ပြီး ထိတွေ့ခဲ့တဲ့ပုံကို ဘရစ္စဘိန်းမှ မွေးဖွားခန်းဓာတ်ပုံဆရာ ဆလီနာက အရယူနိုင်ခဲ့ပါတယ်။

မိခင်မျက်နှာကို သမီးဖြစ်သူလက်နဲ့ ထိတွေ့ တဲ့ပုံက အံ့အားသင့်ဖွယ်အမှတ်တရဖြစ်စေခဲ့တယ်လို့ ဆလီနာက ဆိုပါတယ်။

“မိခင်နဲ့ကလေး မွေးပြီးပြီးချင်း အရေပြားချင်းထိတွေ့မှုက အလွန်အရေးပါပါတယ်။ ဒီလိုမျိုး သမီးလေးက မိခင်မျက်နှာကို ထိတွေ့တာက သိပ်ကို ရှားပါးတဲ့ဖြစ်ရပ်ပါ”လို့ မိခင်ဖြစ်သူ စတပ်ဖနီက ဆိုပါတယ်။

ဓာတ်ပုံဆရာ ဆလီနာကလည်း သူရိုက်ကူးခဲ့တဲ့ မွေးဖွားမှုမှတ်တမ်း ၁၀ဝ ကျော်အတွင်း ဒီလိုမျိုး မွေးကင်းစကလေးက မိခင်မျက်နှာကိုထိတွေ့တဲ့ပုံမျိုး မတွေ့ဖူးဘူးလို့ ဆိုပါတယ်။

“မွေးကင်းစကလေးတွေမှာ ဒီလိုပထမဆုံး မွေးပြီးပြီးချင်း သူတို့ဘယ်မှာလဲ၊ သူတို့ ဘယ်သူနဲ့ ရှိတာလဲဆိုတဲ့ ခံစားချက်မျိုးမရှိသေးပါဘူး။ စောင်ထူထူထဲမှာ တင်းတင်းကျပ်ကျပ် ထုပ်ထားခံရပြီး သူတို့ လက်တွေ၊ ခြေထောက်တွေကိုတောင် မလှုပ်ရှားနိုင်သေးပါဘူး။

အခုတော့ သမီးလေး အိုလီဗီရာဟာ သူ့မိခင်ရဲ့ ရင်ဘတ်ပေါ်မှာ အရေပြားချင်း ထိတွေ့ပြီး မိခင်နဲ့ အနီးကပ်ရင်းနှီးခွင့်ကို ရရှိခဲ့ပါတယ်။ အဲဒါကြောင့် သူ့မိခင်ဆိုတဲ့ အသိနဲ့ မိခင်ကို ထိတွေ့ဖို့ ကြိုးစားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ဆလီနာက သူ့ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။

ကလေးမွေးပြီးချိန်မှာ မိခင်နဲ့ ကလေးကြား အရေပြားချင်း ထိတွေ့မှုက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အလွန်အထောက်အကူ ဖြစ်စေပါတယ်။

(Ref ; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top