Healthy Life Ad
Q & A

သွေးပေါင်ပုံမှန်ပြန်ဖြစ်ချင်ပါတယ် . . .

မေး ။ ကျွန်တော် အသက် ၃၄ နှစ်ပါ။ ဒီနေ့သွေးချိန်တာ အပေါ်သွေး ၁၃၉၊ အောက်သွေး ၁၁၂ ပါ။ စိုးရိမ်ရပါသလား။ ဘယ်လိုလုပ်ရင် ပုံမှန်ပြန်ဖြစ်မယ်ဆိုတာလေး လမ်းညွှန်ပေးစေလိုပါတယ်။
မိုတီး(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ သွေးဖိအားကို အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ ကျော်ရင် သွေးတိုးရှိတယ်လို့ သတ်မှတ်ထားတဲ့အတွက် အောက်သွေး ၁၁၀ ကျော်နေတော့ သွေးတိုးတယ်လို့ပဲ သတ်မှတ်ပါတယ်။ သွေးတိုးနိုင်တဲ့ လူလှုပ်ရှား၊ စိတ်လှုပ်ရှားတဲ့ အခြေအနေလေးတွေကို လျှော့ချပြီးတော့ (ဆိုလိုတာက နာရီဝက်လောက် အေးအေးဆေးဆေး အနားယူပြီး) တစ်ခေါက် ပြန်တိုင်းကြည့်ပါ။ အဲဒီလို ပြန်တိုင်းကြည့်လို့ ၁၄၀/၉၀ ကျော်နေရင် ဆရာဝန်နဲ့ ပြသပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။ လူငယ်တွေမှာလည်း သွေးတိုးနိုင်ပါတယ်၊ အထူးသဖြင့် မျိုးရိုးရှိရင် ပိုဖြစ်နိုင်သလို ကျောက်ကပ်ရောဂါရှိသူတွေမှာလည်း သွေးတိုးနိုင်တဲ့အတွက် လူငယ်တွေမှာဖြစ်ရင် စနစ်တကျ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top