Healthy Life Ad
Uncategorized

မှတ်ဉာဏ် တဖြည်းဖြည်း လျော့ပါးလာသလား

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မှတ်ဉာဏ်လျော့ပါးတဲ့ သူငယ်ပြန်ရောဂါ (Dementia) ဆိုတာ ချက်ချင်းဖြစ်တာမဟုတ်ဘဲ မှတ်ဉာဏ်၊ စဉ်းစားဆင်ခြင်နိုင်တာ၊ သတိရှိတာ စတာတွေနဲ့ဆိုင်တဲ့ ဦးနှောက်စွမ်းရည် တဖြည်းဖြည်း လျော့ကျလာတဲ့ ရောဂါပဲဖြစ်ပါတယ်။ ဒီရောဂါမဖြစ်စေဖို့ ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့အညီ လိုက်နာနေထိုင်ဖို့ လိုအပ်ပါတယ်။

– ကျန်းမာစွာစားပါ

ကျန်းမာလိုသူတိုင်း စားသင့်တဲ့အစားအသောက် (ဥပမာ- သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ငါးစတာတွေ)တွေကို စားသောက်ပေးရပါမယ်။ ဆေးလိပ်သောက်တတ်ရင်ဖြတ်ရပါမယ်။

– သွေးတိုးရောဂါနှင့် ဆီးချိုရောဂါရှိလျှင် သေချာကုသမှုခံယူပါ

သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စတဲ့ နာတာရှည်ရောဂါဝေဒနာတွေရှိရင် သေချာထိရောက်စွာ ကုသမှုခံယူရပါမယ်။

– လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပါ

ဦးနှောက်သုံးရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ စာဖတ်တာ၊ ဘာသာစကားအသစ် သင်ယူလေ့လာတာ၊ ပန်းချီဆွဲတာ၊ တေးဂီတတူရိယာ အသစ်တီးခတ်တာ စတာတွေကို လုပ်ဆောင်ရမှာဖြစ်သလို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်လုပ်ဆောင်ပေးရပါမယ်။

– ဆရာဝန်နှင့်တွေ့ဆုံပါ

မိမိဆွေမျိုးတွေထဲမှာ တစ်ယောက်ယောက် မှတ်ဉာဏ်လျော့ပါးလာတယ်လို့ထင်ရင်၊ အဲဒီလို လက္ခဏာတွေတွေ့ရင် လျစ်လျူရှုမထားပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top