Healthy Life Ad
Health Tips

အသားအရေ အပြစ်ကင်းစင်စေမည့် အသားအရေထိန်းနည်းများ

၊ လရိပ်မေ ၊

အိမ်မှာနေရင်း လှပစေမယ့် အလှအပနည်းလမ်းလေးတွေ မျှဝေလိုက်ပါတယ်။


မျက်နှာအမွှေးအမှင်များ ကင်းစင်စေမည့် ပေါင်းတင်နည်း

ပါဝင်ပစ္စည်းများ

– လီမွန်ရည် ထမင်းစားဇွန်း နှစ်ဇွန်း၊

– ရေ အကြမ်းပန်းကန်လုံး တစ်ခွက်၊

– ဂျုံမှုန့် ထမင်းစားဇွန်း နှစ်ဇွန်း

ပါဝင်ပစ္စည်းတွေကို စေးပျစ်အောင်မွှေပြီး မျက်နှာပေါ်လိမ်းပါ။ ၁၅ မိနစ်ခန့်ခြောက်အောင်ထားပြီး ခွာပါ။ အမွှေးပေါက်ရာလမ်းကြောင်းအတိုင်း ခွာပေးပါ။


နုပျိုတင်းရင်းစေမည့် ပေါင်းတင်နည်း

ပါဝင်ပစ္စည်းများ

– အက်စ်ပရင်သုံးပြား၊

– လီမွန်ရည် ထမင်းစားဇွန်း သုံးဇွန်း

လီမွန်ရည်ထဲ အက်စ်ပရင်ခြေထည့်ကာ ပျော်အောင်လုပ်ပါ။ မျက်နှာသစ်ပြီး အဲဒီအရောအနှောကို သုတ်လိမ်းပါ။ အချိန် ၁၀ မိနစ်ကြာထားပြီးမှ ရေများများနဲ့ဆေးချပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top