Healthy Life Ad
Women

ရင်သားတွဲကျခြင်းအတွက် သဘာဝကုထုံးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အသက်အရွယ်ရလာတဲ့အခါ ရင်သားတွဲကျတာက ပြဿနာတစ်ရပ်ဖြစ်နိုင်ပါတယ်။ အဝလွန်တာ၊ မိခင်နို့ချိုတိုက်ကျွေးတာ၊ သွေးဆုံးတာ စတဲ့ အခြေအနေတွေကြောင့် ရင်သားတွဲကျတတ်ပါတယ်။ ရင်သားတွဲကျတဲ့အခါ အလှပျက်မှာစိုးတဲ့ အမျိုးသမီးတွေအနေနဲ့ အလွယ်တကူကုသနိုင်တဲ့ ကုထုံးတွေကို အကြံပြုလိုက်ပါတယ်။

– လေ့ကျင့်ခန်း

ရင်သားမတွဲကျစေဖို့ အကောင်းဆုံးနည်းက လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။ အကောင်းဆုံးက ရင်ဘတ်ကြွက်သားတွေ အားကောင်းအောင် အလေးတုံးကိုင်ပြီး ရင်ဘတ်ဆီဆွဲမြှင့်တဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။

– သံလွင်ဆီ

ရင်သားတွဲကျမှုအတွက်အကောင်းဆုံး ဖြေရှင်းနည်းတစ်မျိုးက သံလွင်ဆီနဲ့ နှိပ်နယ်ပေးဖို့ပါပဲ။ သံလွင်ဆီမှာ အင်တီအောက်ဆီးဒင့်နဲ့ ဖက်တီးအက်စစ်ပါဝင်တာကြောင့် ဖရီးရယ်ဒီကယ်ကြောင့်ဖြစ်တဲ့ ထိခိုက်မှုကို လျော့ပါးစေနိုင်ပါတယ်။ သံလွင်ဆီက ရင်သားအရေပြားကို တင်းရင်းစေပါတယ်။ ပြုလုပ်ရမယ့်နည်းက သံလွင်ဆီကို လက်ဖဝါးထဲထည့်ကာ လက်နှစ်ဖက်နဲ့ပွတ်ပြီး နွေးထွေးအောင်လုပ်ပါ။ ပြီးရင် ရင်သားမှာ လိမ်းပေးပါ။ ဒီနည်းက သွေးစီးဆင်းမှုအားကောင်းစေပြီး ဆဲလ်ပြုပြင်မှုကို ကောင်းမွန်စေပါတယ်။

– ရေခဲဖြင့် နှိပ်နယ်ခြင်း

တွဲကျနေတဲ့ ရင်သားတင်းရင်းစေဖို့ ရေခဲတုံး သေးသေးနှစ်တုံးတင်ပြီး ရင်သားကို စက်ဝိုင်းပုံစံအတိုင်း နှိပ်နယ်ပေးပါ။ တစ်မိနစ်လောက် နှိပ်ပြီးတာနဲ့ ရင်သားပေါ်ကရေတွေကို သုတ်ပေးပါ။ ရင်သားနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဘရာစီယာဝတ်ပြီး မိနစ် ၃၀လောက် လှဲလျောင်းနေပါ။

– ကြက်ဥအကာ

ကြက်ဥအကာကလည်း ရင်သားတွဲကျတာကို သက်သာပေါတယ်။ ကြက်ဥအကာမှာ အသားအရေ အားဖြည့်အစွမ်းနဲ့ အသားအရေတင်းရင်းစေတဲ့ အစွမ်းရှိလို့ပါ။ ကြက်ဥအကာတွေချည်းယူပြီး အမြှုပ်ထအောင်မွှေပါ။ ပြီးရင် ရင်သားကိုလိမ်းပြီး မိနစ် ၃၀ ကြာထားပေးပါ။ သခွားသီးနဲ့ပွတ်တိုက်ပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။ နောက်တစ်နည်းအနေနဲ့ ကြက်ဥအကာတစ်လုံး၊ ပျားရည်နဲ့ ဒိန်ချဉ် ထမင်းစားဇွန်းတစ်ဇွန်းစီရောပြီး ရင်သားပေါ်လိမ်းကာ မိနစ် ၂၀ ခန့်ထားပါ။ ပြီးမှ ရေအေးနဲ့ ဆေးချလိုက်ပါ။

– သလဲသီး

သလဲသီးမှာ အိုမင်းမှုကိုဟန့်တားပေးတဲ့ အစွမ်းရှိတာကြောင့် ရင်သားကြွက်သားတွေကို တွဲကျခြင်းမဖြစ်အောင် ကာကွယ်ဟန့်တားနိုင်ပါတယ်။ သလဲသီးစေ့ကို အမှုန့်ဖြစ်အောင်လုပ်ပြီး မုန်ညင်းဆီနဲ့ရောကာ ရင်သားကို ၁၀ မိနစ်ခန့် စက်ဝိုင်းပုံစံ လှည့်လည်နှိပ်ပေးပါ။ ပြီးမှ ရေဆေးချလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top