Healthy Life Ad
Health Tips

အသားမစားရင် သင့်ခန္ဓာကိုယ် ဘယ်လိုပြောင်းလဲသွားမှာလည်း …

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

အသားမစားဘဲ သက်သတ်လွတ်စားတဲ့အခါ ခန္ဓာကိုယ်က သိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်တတ်ပါတယ်။

(၁) အပိုကိုယ်အလေးချိန် လျော့ကျသွားမှာပါ
ဝနေတဲ့သူတွေ၊ ကိုယ်အလေးချိန် လျှော့ချင်တဲ့သူတွေအတွက် သတင်းကောင်းပါ။ အသားမစားဘဲနေသူတွေက အပိုကိုယ်အလေးချိန် ၁၀ ပေါင်ဝန်းကျင် လျော့ကျနိုင်ပါတယ်။

(၂) အူလမ်းကြောင်းအကျိုးပြု ဘက်တီးရီးယားတွေတိုးပွားလာပါလိမ့်မယ်
အသားစားတဲ့ လူရဲ့ အူလမ်းကြောင်းအခြေအနေနဲ့ သက်သတ်လွတ်စားသူရဲ့ အူလမ်းကြောင်းအခြေအနေက သိသိသာသာ ကွဲပြားနေပါတယ်။ သက်သတ်လွတ်စားသူတွေမှာပဲ အကျိုးပြုဘက်တီးရီးယားတွေ ရှိနေတာပါ။ သက်သတ်လွတ်အစာကို စတင်စားစားချင်းမှာတော့ လေပွတာ ဖြစ်တတ်ပေမယ့် နောက်ပိုင်းမှာ သင့်အူလမ်းကြောင်းက အပင်ထွက်အစာတွေနဲ့ ကျင့်သားရလာပါလိမ့်မယ်။

(၃) အသားအရေ ပိုကျန်းမာကြည့်ကောင်းလာမှာပါ
သက်သတ်လွတ်စားပြီးနောက်ပိုင်း ဝက်ခြံ၊ အမည်းစက်နဲ့ အဖုအပိမ့်လေးတွေ ပျောက်သွားတာကို သက်သတ်လွတ်စားသူအများစုက သတိပြုမိကြပါတယ်။ အဆိပ်အတောက်တွေ ကင်းသွားလို့ အသားအရေ ပိုကြည့်ကောင်းလာတာပါ။

(၄) စွမ်းအင်ပိုရှိလာပါလိမ့်မယ်
အသားစားတာကို ရပ်လိုက်ရင် တစ်နေ့လုံး ပင်ပန်းနွမ်းနယ်တာ လျော့နည်းသွားပါလိမ့်မယ်။ ခေါင်းလည်း ပိုကြည်လာမှာပါ။

(၅) နှလုံးသွေးကြောရောဂါဖြစ်နှုန်း လျော့ကျသွားပါလိမ့်မယ်
အနီရောင်အသားနဲ့ နှလုံးသွေးကြောရောဂါဖြစ်နှုန်း ဆက်စပ်မှုကို ရှေးကတည်းက သိပြီးဖြစ်မှာပါ။ အနီရောင်အသားထဲက ကာနီတင်းဓာတ်ဟာ နှလုံးအပေါ် မကောင်းတဲ့ သက်ရောက်မှု ဖြစ်တတ်ပါတယ်။ သက်သတ်လွတ်စားရင် သွေးတိုးတာ၊ ဆီးချို ရောဂါနဲ့ အစာအိမ်အူမကြီးကင်ဆာ ဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။

(၆) ကောင်းတဲ့ ဗီဇအားကောင်းလာမှာပါ
ဘဝနေထိုင်စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ မညီညွတ်ရင် မကောင်းတဲ့ ဗီဇ အလုပ်မြန်မြန်လုပ်ပြီး နာတာရှည်ရောဂါဝေဒနာတွေနဲ့ အဝလွန်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာရင် ကောင်းတဲ့ ဗီဇအားကောင်းပြီး ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။ သက်သတ်လွတ်စားရင် ကောင်းတဲ့ ဗီဇအားကောင်းလာမှာ ဖြစ်ပါတယ်။

(၇) သွေးတွင်း ကိုလက်စထရောအဆင့် လျော့ကျသွားပါလိမ့်မယ်
အသားမစားရင် သွေးတွင်းကိုလက်စထရောအဆင့် လျော့ကျသွားပါလိမ့်မယ်။ နှလုံးသွေးကြောကျဉ်းရောဂါရှိရင် သက်သတ်လွတ်အစားအသောက်ကို အဓိက စားသင့်ပါတယ်။

(၈) အာဟာရဓာတ်တချို့ ချို့တဲ့နိုင်ပါတယ်
အသားမစားရင် အိုင်အိုဒင်း၊ သံဓာတ်၊ ဗီတာ မင်ဒီနဲ့ ဗီတာမင်B12 ချို့တဲ့မှု ဖြစ်တတ်ပါတယ်။ ပဲသီး၊ ပဲနီလေး၊ အခွံမာအစေ့အဆန်၊ သစ်သီးဝလံ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးအစာနဲ့ ကွေကာကို အလုံအလောက်စားရင် အာဟာရဓာတ်တွေ ဟန်ချက်ညီမျှသွားနိုင်ပါတယ်။ မဟုတ်ရင် ဗီတာမင်နဲ့ သတ္တုဓာတ်အားဆေးကို မှီဝဲပေးပါ။

(၉) အရသာခံအာရုံ ဆုံးရှုံးတတ်ပါတယ်
ဇင့်ဓာတ်က အရသာခံအာရုံအတွက် မရှိမဖြစ်ဓာတ်ပါ။ ကမာနဲ့ အနီရောင် အသားမှာ ဇင့်(သွပ်) ဓာတ်များများပါဝင်ပါတယ်။ ဒါပေမဲ့ သက်သတ်လွတ် စားသူတွေအတွက် အခွံမာစေ့၊ ပဲသီး၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေမှာ ဇင့်ဓာတ် ပါဝင်မှုများပါတယ်။

(၁၀) ကြွက်သားအားကောင်းဖို့ အချိန်ယူရတတ်ပါတယ်
ကြွက်သားသန်စွမ်းရေးအတွက် ပရိုတင်းဓာတ်က မရှိမဖြစ် အရေးပါပါတယ်။ သက်သတ်လွတ်စားသူတွေ ကြွက်သားအားကောင်းဖို့ ပဲအမျိုးမျိုး၊ အခွံမာအစေ့အဆန်တွေကို စားပေးဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top