Healthy Life Ad
International

မြေးဖြစ်သူနဲ့ တူရိယာသင်တန်း အတူတက်ရာက မှတ်ဉာဏ်ကောင်းလာတဲ့ အယ်လ်ဇိုင်းမားဝေဒနာရှင်အဘိုး

၊ ကိုထက် ၊

စထရတ်မက်ဟာ အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး အယ်လ်ဇိုင်းမားသတိမေ့ရောဂါ ခံစားနေရပါတယ်။ သူဟာ နေ့စဉ်ပြုလုပ်ပြီးသမျှကို ခဏလေးအတွင်း မေ့သွားတတ်သူဖြစ်နေပြီး သူချစ်တဲ့သူတွေကိုတောင် မေ့နေပြီဖြစ်ပါတယ်။

ထူးခြားမှုကတော့ သူ့ရဲ့မြေးမလေးရဲ့ တူရိယာတီးသင်တန်းကို လိုက်လံပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာပါတယ်။ အပတ်စဉ်သောကြာနေ့တိုင်း စထရတ်ဟာ သူ့မြေးမလေးနဲ့အတူ အကနဲ့ တူရိယာတီး သင်တန်းကိုတက်ရောက်ခဲ့ပါတယ်။ တူရိယာတွေ တီးနေတဲ့ ၄၅ မိနစ်အချိန်တွေမှာ ပုံမှန်ကဲ့သို့ မှတ်ဉာဏ်တွေကောင်းလာတာကို တွေ့ရှိခဲ့ကြပါတယ်။

စတရတ်ဟာ လေမှုတ်တူရိယာ၊ ကလယ်ရီနက်နဲ့ ပလွေမှုတ်နည်းတွေ သင်ယူခဲ့ပါတယ်။ သူဟာ စကားပြောဖို့ စကားလုံးတွေမေ့နေပေမယ့် တီးဝိုင်းထဲ ထိုင်လိုက်တာနဲ့ သူတီးမှုတ်ရမယ့် သံစဉ်တွေကို မပျက်မကွက် တီးမှုတ်နိုင်ခဲ့ပါတယ်။

“သံစဉ်ကုထုံးဟာ ထိရောက်မှု တကယ်ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ များစွာရှိနေပါပြီ… အထူးသဖြင့် သူငယ်ပြန်ရောဂါခံစားနေရသူတွေကို သံစဉ်ကုထုံးပေးရင် သူငယ်ပြန်ရောဂါကြောင့် ပျက်စီးမှု မဖြစ်သေးတဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ပြန်လည် နိုးထလာစေပြီး သူငယ်ပြန်မှုကို လျော့ကျလာစေပါတယ်”လို့ သံစဉ်ကုထုံးကို လေ့လာသူတွေက ပြောပြခဲ့ပါတယ်။

စထရတ်ဟာ သီချင်းသံစဉ်တွေကို ချစ်မြတ်နိုးနေပြီး သူရဲ့ တူရိယာတွေနဲ့ ပျော်မွေ့လျက်ရှိနေပါတယ်။ ဒီအခြေအနေတိုင်းရှိနေမယ်ဆိုရင်တောင် သူရဲ့ မပျက်စီးသေးတဲ့ ဦးနှောက်အစိတ်အပိုင်းတွေဟာ ဆက်လက်ရှင်သန်ကျန်းမာနေမှာဖြစ်ပြီး တခြား မှတ်ဉာဏ်ပျက်စီးသွားသူတွေထက် ပိုမိုအသက်ရှည်စွာ နေထိုင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top