Healthy Life Ad
International

နှစ်ယောက်ပေါင်း ကိုယ်အလေးချိန် ၂၉၄ ပေါင် ဝိတ်ချနိုင်ခဲ့သည့် သားအမိ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံ၊ ဝေလနယ်မှ အသက် ၅၈ နှစ်အရွယ် အာဆူလာပိုက်ပါဆိုတဲ့ အမျိုးသမီးဟာ သရေစာတွေ အလွန်အကျွံစားသုံးခဲ့ပြီး သားဖြစ်သူအသက် ၃၄နှစ်အရွယ်ရောဘတ်ဟာလည်း သူ့ရဲ့အကျင့်ဆိုးကို ရခဲ့တာကြောင့် သားအမိနှစ်ယောက်လုံးဟာ အဝလွန်နေခဲ့ပါတယ်။

ဆရာဝန်တွေက သူတို့နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်ဟာ အန္တရာယ်ရှိလောက်အောင် ဝနေပြီဖြစ်ကြောင်း သတိပေးခဲ့ကြပါတယ်။ အာဆူလာဟာ သားဖြစ်သူနဲ့အတူ ကိုယ်အလေးချိန်လျှော့ချဖို့စီစဉ်ခဲ့ပြီး ၂ နှစ်အကြာမှာ နှစ်ယောက်ပေါင်း ကိုယ်အလေးချိန် ၂၉၄ ပေါင်လျှော့ချနိုင်ခဲ့ကြောင်း သိရပါတယ်။ အာဆူလာက ယခင် ၂၈၀ ပေါင်မှ ၁၅၄ ပေါင်၊ ရောဘတ်က ၃၇၈ ပေါင်မှ ၂၁၀ ပေါင်အထိ ကျဆင်းသွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်က ကိုယ်အလေးချိန် လျှော့ချပေးတဲ့ သင်တန်းတစ်ခုကို အတူတူတက်ရောက်ခဲ့ပြီး ဆန်ပြုတ်၊ အရွက်သုပ်နှင့် ဒိန်ခဲပိုင်မုန့်လို အိမ်တွင်းလုပ် အစားအသောက်တွေ စားခဲ့ကြပါတယ်။

လူတွေကြားမှာ ကစားရတာရှက်တာကြောင့် အားကစားရုံပိတ်တဲ့အချိန်မှ အားကစားလုပ်ခွင့်ရဖို့ ပိုင်ရှင်နဲ့ညှိနှိုင်းနိုင်ခဲ့ပြီး ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခဲ့ကြပါတယ်။
ခက်ခဲတဲ့ခရီးကြမ်းဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်အားပေးရင်း ကျော်ဖြတ်နိုင်ခဲ့ကြတယ်လို့ သူတို့ကပြောပြခဲ့ပါတယ်။ လန်းဆန်းတက်ကြွကာ လူသစ်တစ်ယောက်လိုခံစားနေရပြီး အမေမပါဘဲ တစ်ယောက်တည်းလုပ်နိုင်မှာ မဟုတ်ကြောင်း ရောဘတ်က ဝန်ခံပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top