Healthy Life Ad
Health Tips

ခြေဖနောင့် ကွဲနေလျှင်…

၊ လရိပ်မေ ၊

ခြေဖနောင့်ကွဲတာက လူအများကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။ ခြေဖနောင့်ကွဲတဲ့ ပြဿနာကြုံတဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ရတတ်တာကြောင့် အမြန်ဆုံးသက်သာစေမယ့် အကောင်းဆုံး သဘာဝ အိမ်တွင်းကုထုံးတွေကို ရေးသားလိုက်ရပါတယ်။

– မုန်ညင်းဆီ
ခြေဖနောင့်ကွဲတာ သက်သာစေဖို့ မုန်ညင်းဆီကို သုတ်လိမ်းပြီး တစ်ညတာထားလိုက်ပါ။ မနက်မိုးလင်းချိန်မှာ သိသာထင်ရှားတဲ့ ကောင်းကျိုးကို တွေ့ရပါလိမ့်မယ်။

– နှမ်းဆီ
ခြေဖနောင့်ကွဲတာက ဖြစ်လိုက်၊ ပျောက်လိုက်ဖြစ်နေရင် နှမ်းဆီကိုအသုံးပြုပါ။ အိပ်ရာမဝင်ခင် ကွဲနေတဲ့ ခြေဖနောင့်နေရာမှာ နှမ်းဆီလိမ်းပြီး အိပ်ရာဝင်ပါ။

– ငှက်ပျောသီးအမှည့်
ခြေဖနောင့်မှာ ငှက်ပျောသီးမှည့်အနှစ် သုတ်လိမ်းပေးရင်လည်း မြန်မြန်အနာကျက်စေပါတယ်။

– အလှဆီ
ဂလစ်ဆရင်းအလှဆီနဲ့ နှင်းဆီရေ(နှင်းဆီပွင့်ဖတ်စိမ်ထားတဲ့ရေ)တို့ကို ဆတူရောပြီး ခြေဖနောင့်နေရာကို ၁၅ရက် ဆက်တိုက်လိမ်းပေးပါ။ သိသာတဲ့ အကျိုးသက်ရောက်မှုကို မြင်တွေ့ရပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top