Healthy Life Ad
International

နောက်ကျောမှာအရည်အိတ် ပြီးတော့ ပြားနေတဲ့ဦးခေါင်းနဲ့ မွေးဖွားလာတဲ့ကလေးငယ်

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှာ encephalocele အမည်ရ ရှားပါးတဲ့ မွေးရာပါရောဂါကြောင့် ပြားနေတဲ့ ဦးခေါင်း၊ နောက်ကျောမှာ အရည်အိတ်ပါဝင်တဲ့ ကလေးငယ်တစ်ယောက်မွေးဖွားခဲ့ပါတယ်။
Encephalocele က ဦးနှောက်ကို ထိခိုက်စေတဲ့ အာရုံကြောပြွန်ချို့ယွင်းတဲ့ ရှားပါးတဲ့ရောဂါမျိုးဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်ဒီရောဂါနဲ့ ကလေး ၃၇၅ ဦးခန့်မွေးဖွားနေပြီး ကလေး ၁၀ဝ၀ဝ မွေးတိုင်း တစ်ကြိမ်နှုန်းဖြစ်ပွားနေကြောင်း သိရပါတယ်။ ကလေးရဲ့ ဦးနှောက်က ဦးခေါင်းခွံအပြင်မှာ ရောက်ရှိနေပါတယ်။ ဆိုးရွားတဲ့ မွေးရာပါချို့ယွင်းချက် ၂ ခုကြောင့် ကလေးငယ်ရဲ့အသက်ကို ကယ်တင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

မိဘတွေက ဘာဒူလို့အမည်ပေးထားတဲ့ ကလေးငယ်ကို အိမ်သို့သယ်သွားခဲ့ပြီး ဆရာဝန်တွေ ခန့်မှန်းချက်ထက်ကျော်လွန်ကာ ကလေးဟာ ယခုအခါ ၂ လသား အရွယ်ရောက်နေပြီဖြစ်ပါတယ်။
ချစ်ခင်ကြင်နာမှု၊ ဂရုစိုက်မှုတွေနဲ့ အစွမ်းကုန် စောင့်ရှောက်မှာဖြစ်ပြီး ဖြစ်နိုင်သမျှ အသက်ရှည်ဖို့ ကြိုး စားသွားမယ်လို့ မိဘတွေက ပြောကြားခဲ့ပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top